Open 9:00-12:00 AM
+95 92051590

Butt enhancement medications

10 Nov, 2021 | No Comments

Butt enhancement medications

အမျိုးသမီးတင်သားထွက်ဖို့ ဘာဆေးသုံးမလဲ

တင်သားဟာ ခန္ဓာကိုယ်အချိုးအစားပြေပြစ်မှု နဲ့ အမျိုးသမီးတယောက်ရဲ့ အလှလို့  ဆိုကြပါတယ်။ ဒီနေ့ခေတ် gym ေတွ ခေတ်ထလာတော့  အမျိုးသမီးကာယလေ့ကျင့်ခန်းလုပ်တဲ့အခါ တင်သားထွက်အောင် ဦးစားပေးလုပ်ဆောင်လာကြတာတွေ့ရတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အချိုးအစားလှပပြေပြစ်မှုဟာ အစားအသောက်၊မျိုးရိုး၊ ဟော်မုန်းစတာတွေနဲ့ အဓိကသက်ဆိုင်တယ်။ မျိုးရိုးကို ဆရာဝန်တွေ ပြောင်းလဲလို့မရပါ။ စားသောက်နေထိုင်မှုကတော့ မိမိရဲ့ကိုယ်ပိုင် လုပ်ဆောင်မှုသာ ဖြစ်တယ်။ ဟော်မုန်းကိုတော့ ဆရာဝန်လုပ်သူတွေက ပြောင်းလဲပေးနိုင်တယ်။ တင်သားထွက်ဖို့ သောက်ဆေး၊ လိမ်းဆေး အမျိုးမျိုးရှိနေပါတယ်။ 

လိမ်းဆေး

လိမ်းဆေးထဲမှာ maca root ပါတဲ့ဆေးတွေက ပိုအသုံးများတယ်။ maca root (မက္ကာမြစ်)အများစုဟာ ပီရူးနိုင်ငံ ဒေသထွက်ဖြစ်တယ်။  ရင်သားတင်းရင်းစေတဲ့နည်းတွေမှာ ဒီဆေးအကြောင်း ပြောခဲ့ဖူးတယ်။  နိုင်ငံခြားကလာတဲ့ လိမ်းဆေးတွေမှာ maca root အမြဲပါလေ့ရှိတယ်။  သောက်ဆေးအနေနဲ့လည်း  သုံးတယ်။ ယေဘုယျအားဖြင့် နေ့စဉ် 500mg သောက်ပေးရတယ်။  အမှုန့်နဲ့လာတာလည်း ရှိပါတယ်။  အမှုန့်ကို  ဖျော်ရည်အနေနဲ့သာမက စွပ်ပြုတ်ထဲမှာပါ  ထည့်သောက်နိုင်တယ်။  သို့သော် ဘေးထွက်ဆိုးကျိုးအနေနဲ့ 1-3 g ထိသောက်ရင် အသက်ရှုမြန်ပြီး၊ ရင်တုန်ပန်းတုန်ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ကိုယ့်ဘာသာကိုယ် ဝယ်မသောက်သင့်ဘူး။

သောက်ဆေး
သောက်ဆေးထဲမှာ ဆေးသုံးမျိုးကို အဓိကထားသောက်ရတယ်။ Saw palmetto , Dong Quai နဲ့ Pueraria Mirifica ဆေးတွေဖြစ်တယ်။ သုံးမျိုးစလုံးက phytoestrogen အီစတိုဂျင်ဟော်မုန်းကို အားပေးတာဖြစ်တယ်။ 


Saw palmetto (ဆေးထန်းပင်)

အင်ဒရိုဂျင်ဟော်မုန်း ဆန့်ကျင်ဖက်ဆေးအဖြစ် လူသိများတယ်။အမျိုးသား ဆီးကျိတ်ရောင်ရောဂါအတွက် ပေးလေ့ရှိတယ်။ အမျိုးသမီးတွေမှာတော့ အဆီစုစည်းမှုကို အားပေးလို့ တင်ပါး၊ရင်သားထွကိချင်သူတွေအတွက် သုံးကြတယ်။ နေ့စဉ် 160-320 mg ထိ သောက်နိုင်တယ်။


• Dong Quai (ဒေါင်းကွေးပင်)

ဒေါင်းကွေးပင်ဆိုတာ တရုတ်ဆေးတမျိုးဖြစ်တယ်။ ရာသီမမှန်တာနဲ့ ဗိုက်ရစ်နာတာ သက်သာစေတယ်။ အီစတိုဂျင်အားဖြည့်ဆေးအနေနဲ့သောက်မယ်ဆိုရင်တရက်ကို ၂-၄ ဂရမ်အထိ သောက်ပေးသင့်တယ်။ အဲထက်ပိုသောက်ရင် မျက်နှာအသားအရေရဲတက်လာတာ ရှိတယ်။ 


• Pueraria Mirifica (ပေါက်ဥ)

ပေါက်ဥကထိုင်းမှာ အသုံးများတဲ့ဆေးတမျိုးပဲ။ အီစတိုဂျင်ပါဝင်မှု အလွန်များပါတယ်။ တချို့ကင်ဆာသမားတွေနဲ့ မတည့်ပါ။ တင်သားထွက်ဖို့ဆိုရင် တရက်ကို 20-50mg လောက် သောက်ရတယ်။ 

အိမ်သုံးနည်း
တင်သားထွက်ဖို့ အိမ်သုံးနည်းအချို့လည်း ရှိနေပါတယ်။ fennel seed ဆိုတာ စမုံစပါးတမျိုး ဖြစ်ပြီး Iron, Copper, Manganese, Zinc, Potassium, Selenium အပြင် Vitamins A, B-complex, E, C စတဲ့ဓာတ်တွေ ပါတယ်။ တရက် ၅ ဂရမ် သောက်သုံးပေးရမယ်။ စမုံစပါး လက်ဖက်ရည်တဇွန်းစာ ယူပြီး ရေနွေးတစ်ဖန်ခွက်(200ml)ထဲ ထည့်လိုက်ပါ။ တစ်နာရီကြာအောင် နှပ်ပြီး အဖုံးဖုံးအုပ်ထားပါ။ ပြီးရင် မနက်တခွက်၊ ညတခွက် သောက်ပါ။ စမုံစပါးက phytoestrogen ကြွယ်ဝလို့ တင်သားသာမက ရင်သားကိုပါ ထွက်စေတယ်လို့ အဆိုရှိတယ်။


နောက်တနည်းက fenugreek (ပဲနံ့သာစေ့)အစေ့ကို ရေညလုံးပေါက် စိမ်ပြီး မနက်စာ မစားခင်သောက်ရတာ။ fenugreekမှာ diosgenin ဆိုတဲ့ဓာတ်တမျိုးပါတယ်။ ဒီဓာတ်က အီစတိုဂျင် ပမာဏကို မြင့်တက်စေသတဲ့။ fenugreekကို သဘာဝနို့ထွက်ဆေးအနေနဲ့လည်း သုံးကြပါသေးတယ်။ နို့ထွက်ကောင်းရုံမက ရင်သားကို ကြီးထွားလာစေလို့ဖြစ်တယ်။ သောက်ဆေးအနေနဲ့ သောက်မယ်ဆိုရင် နေ့စဉ်  500- 1000 mg ထိ သောက်ပေးနိုင်တယ်။ 

(မှတ်ချက်- အထက်ပါ နည်းများမှာ သိပ္ပံနည်းကျ စမ်းသပ်ထားသော အချက်အလက်များ မရှိပါ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နှင့် ရာသီသွေးမမှန်သူများ နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်တိုင်ပင်ပြီးမှ သောက်သုံးသင့်သည်)


ဒေါက်တာ အေးမင်းထူး

(အရေပြားအထူးကုဆရာဝန်)

Write Reviews

Leave a Comment

No Comments & Reviews