6 Nov, 2021 | No Comments
Mucocele
Mucocele ဆိုတာ အကျိချွဲအရည်အိတ်(mucus cyst)တစ်မျိုး ဖြစ်တယ်။ အောက်နှုတ်ခမ်းကို မတော်တဆကိုက်မိရာက အရည်အောင်းပြီး နှုတ်ခမ်းအရည်အိတ် (mucocele)ဖြစ်လာတယ်။ စမ်းကြည့်ရင် ခပ်လုံးလုံး၊ ခပ်ပျော့ပျော့အိတ်ကို အောက်နှုတ်ခမ်းထဲမှာ တွေ့ရတယ်။ နှုတ်ခမ်းအတွင်းသား၊ ပါးစပ်အောက်ခြေ၊ သွားဖုံး၊ ပါးစောင်၊လျှာ စတဲ့နေရာတွေလည်း ရံဖန်ရံခါတွေ့နိုင်တယ်။
mucocele အရည်အိတ်က ၁-၁၅ မီလီမီတာအတွင်း အရွယ်အမျိုးမျိုးဖြစ်နိုင်တယ်။ တချို့ ပဲစေ့ဆိုက်လောက်ရှိတယ်။ တခါတရံ ၃-၄လုံး တပြိုင်နက် ဖြစ်တတ်တယ်။ နှုတ်ခမ်းသားဖြစ်တဲ့နေရာပေါ်လိုက်ပြီး ခရမ်းရောင်၊ပန်းရောင်အိတ် မျိုးစုံဖြစ်နိုင်တယ်။ အမှန်တော့အကျိအချွဲထုတ်ပေးတဲ့ အတွင်းပိုင်း တံတွေးပြွန်(salivary ducts)တွေ ထိခိုက်မိရာက ပြွန်ပေါက်ထွက်ပြီး နှုတ်ခမ်းသားအောက် mucus အရည်တွေ အောင်းလာတာဖြစ်ပါတယ်။နှုတ်ခမ်းကိုက်တာ၊ စုပ်တာတွေက အဓိကဖြစ်စေတယ်။
ကုသနည်း
superficial mucocele (အပေါ်ယံ နှုတ်ခမ်းအရည်အိတ်)ဟာ ၃-၆ပတ်အတွင်း သူ့ဘာသာပေါက်ပြီး အလိိုလိုသက်သာသွားနိုင်တယ်။ deep mucocoele (အတွင်းပိုင်းအရည်အိတ်)တွေက ကုဖို့ လိုအပ်တတ်တယ်။ Evening primrose oil သောက်ဆေးတွေ ပေးနိုင်တယ်။ မကြာခဏပြန်ဖြစ်တတ်ရင် clobetasol propionate 0.05% လိမ်းဆေးလိမ်းပေးနိုင်တယ်။ အရည်အိတ်ထဲ ရှုံ့ဆေး(sclerotherapy)ထိုးတာလည်းလုပ်နိုင်တယ်။ polidocanol (သို့) sodium tetradecyl sulfate စတဲ့ ဆေးတွေထိုးထဲ့ရတယ်။ အရည်အိတ်က တဖြည်းဖြည်းကြီးလာရင် လေဆာပစ်တာ၊ cryotherapy အေးခဲစေတာ နဲ့ ခွဲထုတ်ပစ်တာမျိုး လုပ်နိုင်တယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
Write Reviews
Leave a Comment
No Comments & Reviews