4 Nov, 2021 | No Comments
Pilomatrixoma
Pilomatrixoma ဆိုတာ ဆံပင်အခြေ မွေးညင်းအိတ်ကဖြစ်ပေါ်လာတဲ့ အရေပြားကျိတ်တွေဖြစ်ပါတယ်။ calcifying epithelioma of Malherbe လို့လည်းခေါ်ပါတယ်။ calcifying ဆိုတာ ကယ်စီယမ်အနည်ကျပြီး မာခဲနေတဲ့ဆဲလ်တွေကိုဆိုလိုပါတယ်။ ဒီအကျိတ်တွေဟာ Hair matrix cells ကနေ ဖြစ်ပေါ်လာတယ်။ matrix cells ဆိုတာ အမွေးရှည်ခြင်းကို အဓိကဖြစ်ပေါ်စေတဲ့ ပင်မဆဲလ်တစ်မျိုး ဖြစ်ပါတယ်။
Pilomatrixoma ဟာ နေရာကွက်ကြား သန္ဓေပြောင်းလဲလာတဲ့ hair matrix cell တွေကြောင့်ဖြစ်ပေါ်လာတယ်လို့ ယူဆကြတယ်။ ခေါင်း၊ မျက်နှာနဲ့လည်ပင်းတွေမှာ အဓိကတွေ့ရတယ်။ အကျိတ်ထဲမှာ ကျောက်တည်သလို အဖြူရောင်အစိလေးတွေ ငေါ်ထွက်နေတာတွေ့ရတယ်။ အဖြူရောင်၊ အဝါရောင်၊ အသားရောင် စသည်ဖြင့် အရောင်အမျိုးမျိုးဖြစ်နိုင်တယ်။ အရွယ်အစားအားဖြင့် ၅-၁၀မီလီမီတာအတွင်းသာ ရှိပါတယ်။ ဖိကိုင်ကြည့်ရင် နာတတ်တယ်။ လူငယ်တွေမှာ အဖြစ်များပြီး အမျိုးသမီးတွေမှာ ပိုတွေ့ရတယ်။ လေ့လာမှုတွေမှာ ကြွက်သားအားနည်းတဲ့ ရောဂါ (myotonic dystrophy)နဲ့ ဆက်စပ်နေတာတွေ့ရတယ်။
သေးငယ်မာခဲနေတဲ့ ဒီအကျိတ်တွေကို ပုံစံကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ အရေပြားဆရာဝန်တွေကတော့ dermoscope နဲ့ ဆုံးဖြတ်လို့ရတယ်။ လိုအပ်ရင် အသားစယူစစ်ဆေးတာ၊ X ray ဓာတ်မှန်ရိုက်လို့ရတယ်။
Pilomatrixoma တွေဟာ လူကို ဒုက္ခမပေးပေမယ့် မကုသရင် မပျောက်ကင်းနိုင်ပါဘူး။ လိုအပ်ရင် ခွဲထုတ်ပစ်ရတတ်ပါတယ်။ အမြစ်ပါမကျန် ခွဲထုတ်ရပြီး အသားစကျန်ရင် ပြန်ဖြစ်တတ်ပါတယ်။ ဒီမွေးညင်းပေါက်အကျိတ်ဟာ pilomatrix carcinoma ကင်ဆာပြောင်းလဲနိုင်ချေ နည်းပါတယ်။
ဒေါက်တာအေးမင်းထူး
အရေပြားအထူးကုဆရာဝန်
အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.
Write Reviews
Leave a Comment
No Comments & Reviews