Open 9:00-12:00 AM
+95 92051590

Madarosis

2 Nov, 2021 | No Comments

Madarosis

Madarosis မျက်တောင်ကျွတ်ခြင်း

Madarosis ဆိုတာ မွှေးညင်းအိတ် ပျက်ဆီးရာက မျက်တောင်မွှေး (သို့) မျက်ခုံမွှေးတွေ ကျွတ်လာတာကို ခေါ်ပါတယ်။ အမွှေးအိတ်ကြောင့်ဖြစ်နိုင်သလို မျက်တောင်မွှေး အားနည်းလို့လည်း ဖြစ်နိုင်တယ်။ အမှန်တော့ မျက်တောင်မွှေးကျွတ်ရင် Milphosis ခေါ်ပါတယ်။ 

မျက်ခုံးမွှေး၊ မျက်တောင်မွှေးကျွတ်စေတဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ Blepharitis မျက်ခွံရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်တယ်။ Staphylcococcus ဗက်တီးရီးယား၊ Herpes simplex ဗိုင်းရပ်စ်၊ Rosacea မျက်နှာရဲတာ၊ eczema နှင်းခူ၊ psoriasis ကြေးခွံအရေပြားနာ၊ seborrheic dermatitis ဖယောင်းချပ်နှင်းခူနဲ့ ichthyosis ငါးအကြေးခွံယားနာတွေကြောင့် ဖြစ်နိုင်တယ်။ alopecia areata (ဆံပင်အကွက်လိုက်ကျွတ်တာ)နဲ့ Telogen effluvium (အမွှေးပါးပြီး ကျွတ်တာ)တွေကြောင့်လည်း ဖြစ်တတ်တယ်။ ဒါ့ပြင် သိုင်းရွိုက်ဟော်မုန်း နည်းတာ၊ များတာတွေကလည်း မျက်တောင်မွှေးကျွတ်တတ်ပါတယ်။

မျက်ခုံးလှုပ်ရှားမှုကို orbicularis oculi, corrugators နဲ့ occipitofrontalis ကြွက်သားတွေက ထိန်းချုပ်ပေးတယ်။ ဒီကြွက်သားလှုပ်ရှားမှုကြောင့် မျက်ခုံးရှုံ့တာ၊ မဲ့တာစတဲ့ အမူအရာတွေ ဖြစ်လာတယ်။ မျက်တောင်မွှေးတွေမှာ ကြွက်သားမရှိဘဲ ထက်၊လယ်၊အောက် အတန်းသုံးတန်းရှိတယ်။ ပုံမှန်အားဖြင့် တစ်ရက်ကို 0.1mm နှုန်းနဲ့ ရှည်လာတယ်။ မျက်တောင်မွှေးတွေဟာ ခြောက်လလောက်နေမှ တခါကျွတ်တယ်။ မျက်တောင်သစ်ထွက်ဖို့ အချိန် ၂-၃လကြာတတ်တယ်။ Madarosis ဖြစ်တဲ့အခါ မျက်တောင်မွှေး လုံးဝကျွတ်တာ ဖြစ်နိုင်သလို ယာယီအမွှေးကျွတ်တာလည်း ဖြစ်နိုင်ပါတယ်။

ဖြစ်စေတဲ့အကြောင်းရင်းခံပေါ်မူတည်ပြီး ကုသနိုင်ပါတယ်။ ဗက်တီးရီးယားပိုးကြောင့်ဖြစ်ရင် ပိုးသတ်ဆေးတွေပေးရပြီး သိုင်းရွိုက်ကြောင့်ဖြစ်ရင် ဟော်မုန်းဆေးတွေ ပေးရတယ်။ ယေဘုယျအားဖြင့် အမွှေးပေါက်ဆေး minoxidil, bimatoprost စတဲ့လိမ်းဆေးတွေ အသုံးပြုနိုင်ပါတယ်။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews