Open 9:00-12:00 AM
+95 92051590

Granuloma annulare

2 Nov, 2021 | No Comments

Granuloma annulare

Granuloma annulare စက်ဝိုင်းပုံ အသားမာကွင်း

Granuloma annulare ဆိုတာ စက်ဝိုင်းကွင်းပုံစံရှိတဲ့ ခဲခဲအသားမာကျိတ်ဖုတွေကို ခေါ်ပါတယ်။  အရေပြားအောက်လွှာ(dermis) နာတာရှည်ရောင်ရမ်းမှုကြောင့် အဓိကဖြစ်တယ်။ အရေပြား နာတာရှည်ရောင်ရမ်းမှုကြောင့် annulare ကွင်းပုံစံရှိတဲ့ granuloma အသားမာကျိတ်ခဲတွေဖြစ်ခာပါတယ်။ ဖြစ်စမှာ စက်ဝိုင်းပုံပန်းရောင်၊ အညိုရောင်၊ ခရမ်းရောင်ကွင်းတွေ ရှိတယ်။ စက်ဝိုင်းကွင်းတွေက တစ်ခုမက ဖြစ်နိုင်တယ်။ လက်ဖျံ၊ တံတောင်၊ လက်ချောင်း၊ ခြေထောက်စတဲ့နေရာတွေမှာ ဖြစ်တာများတယ်။ တခါတရံ ကွင်းပုံစံက ပိုမိုကျယ်ပြန့်လာပြီး ကြည့်ရဆိုးတတ်တယ်။ ဒီလိုပုံစံတွေက မှိုပိုးဝင်တာနဲ့ မှားယွင်းတတ်တယ်။

Granuloma annulare (စက်ဝိုင်းပုံ အသားမာကွင်း)တွေက အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက်၅၀တန်းတွေ ပိုဖြစ်ကြတယ်။ autoimmune disease ခုခံအားတုံ့ပြန်မှု လွန်ကဲရာက အဓိကဖြစ်တတ်တယ်။ rheumatoid arthritis (RA), systemic lupus erythematosus (SLE) ရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ ဆီးချို၊သိုင်းရွိုက်ရောဂါရှိသူတွေ ပိုဖြစ်နိုင်တယ်။ allopurinol ဆေးတွေကြောင့်လည်းဖြစ်တတ်တယ်။ ကြည့်ရဆိုးပေမယ့် ၂နှစ်အတွင်း ပျောက်သွားနိုင်ပါတယ်။ အနီကွက်က ပိုကြီးလာတာ၊ အကျိတ်က အရေပြားအောက်ခြေ ပိုနက်နေတဲ့အခါ ရောဂါကို စနစ်တကျကုသရတယ်။

ကုသနည်း

Corticosteroid creams or ointments လိမ်းဆေးတွေက လက္ခဏာတွေ သက်သာစေတယ်။ လိမ်းပြီး တိတ်၊ပတ်တီးတမျိုးမျိုး စီးပေးနိုင်ရင် ပိုကောင်းတယ်။ စတီးရွိုက်ထိုးဆေးတွေလည်း တစ်လတစ်ခါ ထိုးနိုင်တယ်။ liquid nitrogen သုံးပြီး အေးခဲစေနည်းနဲ့ အကျိတ်တွေ ဖျက်စီးပစ်နိုင်တယ်။ အရောင်ကျအောင် ခရမ်းလွန်ရောင်ခြည် အလင်းကုထုံး (ultraviolet light therapy)တွေလည်း အသုံးပြုနိုင်တယ်။ hydroxychloroquine သောက်ဆေးတွေက ရောဂါပိုဆိုးတဲ့အခါ အသုံးပြုနိုင်တယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

Write Reviews

Leave a Comment

No Comments & Reviews