Open 9:00-12:00 AM
+95 92051590

Trichorrhexis Nodosa

22 Aug, 2026 | No Comments

Trichorrhexis Nodosa

Trichorrhexis Nodosa

Trichorrhexis nodosa ဆိုတာလက်နဲ့ထိတိုင်း ဆံပင်အတိုအပျက်တွေ ကျွတ်ထွက်လာတာဖြစ်ပါတယ်။ အမှန်တော့ ဆံပင်တည်ဆောက်ပုံ ပျက်စီးမှု (physical damage) ကြောင့် ဖြစ်တယ်။ ဆံပင်ချောင်းတလျှောက် ဆက်ကြောင်း(အဆစ်)တွေ အသီးသီးဖြစ်ပေါ်လာတာကြောင့် ဆံသားကျိုးပြတ်ပြီး ဆံပင်ကျွတ်လာတယ်။ နားလည်လွယ်အောင် ပြောရရင် ဆံပင်ရှည်တချောင်းတည်းဖြစ်ရမယ့်နေရာမှာ ဆံပင်တိုနှစ်ချောင်းတေ့ဆက် ဆက်ထားသလို ဆက်ကြောင်းတွေ ဖြစ်မယ်။ ဆက်ကြောင်းမှန်သမျှ အားနည်းတတ်တဲ့ သဘာဝကြောင့် ဆံပင်ကကျိုးပျက်လွယ်လာပါတယ်။

ဒီရောဂါဖြစ်တဲ့အခါ ဆံပင်ကဖွာပြီး အဖျားမှာ အဖြူရောင်ဖုလုံး (အဆစ် သို့ ဆက်ထုံး) တွေ တွေ့ရှိရတယ်။ လက္ခဏာက လက်နဲ့သပ်ရုံနဲ့ ဆံပင်အဖျားကနေ ဆံပင်တိုတွေကျွတ်လာတယ်။ ဆံပင် မသန်တော့ဘဲ ဆံပင်ပါးလာတယ်။ ထိပ်ဖျားမှာ ဆံသားနှစ်ခွဖြစ်လာတယ်။ များသောအားဖြင့် အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ တွေ့ရတယ်။ ဗီတာမင်နဲ့ သံဓာတ်အားနည်းတာ၊ သိုင်းရွိုက်ဟော်မုန်းချို့ရာကဖြစ်တတ်တယ်။ မျိုးဗီဇနဲ့ သက်ဆိုင်နိုင်တယ်။ ဓာတုပစ္စည်း ဆေးဆိုး၊ ဖြောင့်ဆေး၊ကောက်ဆေး၊ချွတ်ဆေးသုံးတာနဲ့ လေပူ ဆံပင်မှုတ်စက်တွေ အသုံးများလို့ ဖြစ်တတ်တယ်။ အလွန်အကျွံဘီးဖီးတာကြောင့်လည်းဖြစ်နိုင်တယ်။ ဘာ့ကြောင့်ဖြစ်လဲ ဆရာဝန်က ဖော်ထုတ်ရတယ်။ 

ရောဂါရှာဖွေပြီးတဲ့အခါ ဆရာဝန်က သောက်ဆေး၊လိမ်းဆေး၊ ဖြန်းဆေးတွေ ပေးရတတ်တယ်။သောက်ဆေးတွေပေးတဲ့ အခါ ဆံပင်သန်ဆေး၊ ဆံပင်အားဆေးတွေကို ရောဂါပေါ်မူတည်ပေးတယ်။ အားဆေးထဲမှာ biotin, vitamin B, amino acid စတဲ့အားဆေးတွေ ပေးနိုင်တယ်။ ဆံပင်သန်ဆေး minoxidil 1.25mg မျိုး သောက်လို့ရတယ်။ လိမ်းဆေးတွေထဲမှာ အုန်းဆီ၊ သံလွင်ဆီ၊ ကြက်ဆူဆီစတာတွေ လိမ်းပေးနိုင်တယ်။ ဘီးဖီးတဲ့အခါ ဆံသားပွတ်တိုက်ပျက်စီးမှု friction လျှော့နည်းအောင် dimethicone ပါတဲ့ serum hair tonic တွေ သုံးပေးသင့်တယ်။ ယားယံခြင်းကြောင့် ဆံသားပျက်ဆီးမှုကို ကာကွယ်ဖို့  corticosteroid လိမ်းဆေးတွေ ပေးနိုင်တယ်။ ဆံပင်ဆွဲလို့ အရင်းကကျွတ်တဲ့ traction alopecia အခံရှိရင် minoxidil 5% lotion တွေ လိမ်းပေးနိုင်တယ်။

သတိပြုရမည့်အချက်များ

ဆံပင်ဆေးဆိုးတာ၊ ကောက်တာ၊ အပူပေးပြီး ဖြောင့်စက်သုံးပြီး ဆွဲတာမျိုးရှောင်ရမယ်။ မလိုအပ်ဘဲ ဆံပင်ဂျယ်(hair gel) လူးတာ မလုပ်သင့်ဘူး။ ရှန်ပူသုံးတဲ့အခါ အစိုဓာတ်ထိန်းဆေးပါတဲ့ moisturizing shampoo တွေ ရွေးချယ်သုံးသင့်တယ်။ ဘီးဖီးတဲ့အခါ အဖျားကို ဆီအရင်ဆွတ်ပြီး အသွားကျယ်တဲ့ ဘီးကိုအသုံးပြုရမယ်။ ဆံပင်ဆွဲတဲ့အလေ့ကျင့်မျိုး ဖျောက်ပစ်ရမယ်။

ဒေါက်တာအေးမင်းထူး