Open 9:00-12:00 AM
+95 92051590

Tag Archive : VZV

Chickenpox ရေကျောက်ပေါက်ခြင်း ရေကျောက်ရောဂါဆိုတာ Varicella-zoster virus (VZV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ကူးစက်မြန်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ရေယုန်နာဖြစ်တဲ့ဗိုင်းရပ်စ်နဲ့ တူတယ်။ ဒီရောဂါဟာ အဖျားတက်ခြင်း နဲ့အတူ ယားယံတဲ့အရည်ကြည်ဖုတွေ ထွက်လာတတ်တယ်။ ရေကျောက်ရောဂါဟာ ကလေးငယ်တွေမှာ အဖြစ်များတယ်။ ကာကွယ်ဆေးထိုးမထားတဲ့ လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။လူကြီးမှာဖြစ်ရင် ပိုပြင်းထန်တတ်တယ်။ ဗိုင်းရပ်စ်ပိုးဟာ လေထုထဲက တစ်ဆင့် အဓိကကူးစက်နိုင်ပါတယ်။ ရောဂါရှိသူ နှာချေ၊ချောင်းဆိုးရာက ထွက်လာတဲ့ တံတွေးအမှုန်အမွှားများကို ရှုရှိုက်မိခြင်းကြောင့် ကူးစက်တယ်။ တခါတရံ ရေကျောက် အရည်ကြည်ဖုက ထွက်သော အရည်ကြည်ကို ထိတွေ့ကိုင်တွယ်မိခြင်းကြောင့် ကူးစက်နိုင်သေးတယ်။ ရောဂါစဖြစ်တဲ့အခါ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ အစားပျက်ခြင်းတို့တွေ့ရတယ်။ ဖျားပြီး ၁-၂ ရက် ကြာတဲ့အခါ အနီစက် (Macules)၊ အနီဖု (Papules)တွေဟာ ခန္ဓာကိုယ်အနှံ့ […]

Herpes Zoster အပြင်းစား ရေယုန်နာရောဂါ Herpes Zoster (ရေယုန်နာ) ဆိုတာ Varicella-Zoster Virus (VZV) ဗိုင်းရပ်စ်ပိုးကြောင့်  ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရေကျောက်ဖြစ်တဲ့ ဗိုင်းရပ်စ်နဲ့တူတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ရေကျောက်(chicken pox) ဖြစ်ဖူးသူရဲ့ အာရုံကြောထဲမှာ ပုန်းခိုနေတတ်ပြီး၊ နှစ်ပေါင်းများစွာ အကြာ ပြန်လည်အသက်ဝင်ကာ ရေယုန်နာကို ဖြစ်စေပါတယ်။ ရောဂါရဲ့ အထင်ရှားဆုံးလက္ခဏာက ရေယုန်နာဟာ ကိုယ်ခန္ဓာတစ်ခြမ်းတည်းမှာ အရည်ကြည်ဖုထွက်လာခြင်းပဲဖြစ်တယ်။ ရောဂါဖြစ်ပွားပုံ အဆင့်ဆင့် ဒီပိုးကူးစက်ခံရသူဟာ ခန္ဓာကိုယ်မှာ ရေကျောက်ရောဂါအနေနဲ့ စတင်ဖြစ်ပေါ်လာတယ်။ရေကျောက်ရောဂါ ပျောက်သွားတဲ့အခါ ဗိုင်းရပ်စ်ပိုးဟာ အာရုံကြောဆဲလ်တွေထဲမှာ ပုန်းခိုနေပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါ ဒီဗိုင်းရပ်စ်ပိုးဟာ ပြန်လည်အသက်ဝင်ပြီး အာရုံကြောလမ်းကြောင်းတစ်လျှောက် ရေယုန်နာအဖြစ် ပြန်လည်ပေါ်ထွက်လာပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှု၊ အိပ်ရေးပျက်တာ၊ ကိုယ်ခံအားကျဆင်းလာတဲ့အခါမျိုးမှာ ဗိုင်းရပ်ပိုးဟာ ပြန်လည်ထကြွလာပါတယ်။ လက္ခဏာများ ရေယုန်နာမဖြစ်ခင် […]