Primary Lesions Macule – flat lesion(<1cm) eg: freckle Papule – solid, elevated lesion (<1cm) eg: whitehead Patch – large macule (>1cm) eg: vitiligo, post-inflammatory hyperpigmentation Plaque – elevated lesion(>1cm) eg: psoriasis Nodule – solid, elevated lesion (>1cm) into dermis eg: erythema nodosum Pustule – elevated lesion with visible exudate eg: folliculitis Vesicle – elevated lesion containing […]
Impetigo ပျားရည်ဖတ်အနာ Impetigo ဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ အနာတစ်မျိုး ဖြစ်ပါတယ်။ ဒီအနာဟာ ကူးစက်လွယ်ပြီး ကလေးငယ်တွေ အများဆုံးဖြစ်ကြတယ်။ မွေးကင်းစမှ အသက် (၅)နှစ်အတွင်း အဖြစ်များတယ်။မျက်နှာ၊ လက်၊ ခြေထောက် စတဲ့နေရာတွေမှာ အဓိကတွေ့ရတယ်။ impetigoကို မြန်မာလို အနာစက်လို့ ဘာသာပြန်ကြတယ်။ တကယ်တော့ ပိုးဝင်ကာစ red sore အဆင့်မှာပဲ အနာစက်လို့ ခေါ်ဝေါ်သင့်တယ်။ ဆေးရုံဆေးခန်းမှာရောက်လာတဲ့ impetigo အများစုဟာ အဝါရောင် ပျားရည်ဖတ်တွေကပ်နေတဲ့ အနာ (yellow-colored honey crust)ပုံစံမျိုးနဲ့ ရောက်လာလေ့ရှိပါတယ်။ပျားရည်ဖတ်အနာတွေဟာ ယားယံတတ်ပါတယ်။ Impetigo(ပျားရည်ဖတ်အနာ)ကို အဓိကဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုး နှစ်မျိုးရှိတယ်။ အဖြစ်အများဆုံးက Staphylococcus aureus ပိုးကြောင့် အဓိကဖြစ်တယ်။ Streptococcus pyogenes ပိုးကြောင့်လည်း ဖြစ်တတ်သေးတယ်။ […]
Warts ကြွက်နို့ ကြွက်နို့ (Warts)ဆိုတာ Human Papillomavirus (HPV) ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ အသားပိုလေးတွေ ဖြစ်တယ်။ အရေပြားအပေါ်ဆုံးလွှာမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အခါ ဆဲလ်ကွဲပွားမှုဖြစ်ပြီး ကြွက်နို့တွေ ဖြစ်ပေါ်လာတယ်။ ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဟာ မျိုးကွဲပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ကြွက်နို့ဖြစ်သူနဲ့ အရေပြားချင်း တိုက်ရိုက်ထိတွေ့ရာက ကူးစက်စေတယ်။ဗိုင်းရပ်စ်ပိုးတွယ်ကပ်နေတဲ့ မျက်နှာသုတ်ပဝါ၊ ဖိနပ်၊ ရေချိုးဇလုံ စတာတွေကို မျှဝေသုံးစွဲမိခြင်းကြောင့် ကူးစက်နိုင်တယ်။ ကြွက်နို့ရှိတဲ့နေရာကို ကုတ်ခြစ်မိရာက ခန္ဓာကိုယ်တခြားနေရာကို ပြန့်သွားတတ်ပါတယ်။ ကြွက်နို့ အမျိုးအစားများ ၁။ ပုံမှန်ကြွက်နို့ (Common Warts) ပုံမှန်ကြွက်နို့ဟာ ကြမ်းတမ်းပြီး အသားပိုဆန်ဆန် အညိုရောင်၊ မီးခိုးရောင် လုံးဝန်းတဲ့ အဖုလေးတွေဖြစ်တယ်။ လက်၊ လက်ချောင်းများ၊ ဒူးခေါင်း၊ တံတောင်ဆစ်စတဲ့နေရာတွေမှာ အတွေ့များတယ်။ ၂။ […]
Miliaria crystallina ချွေးမိတ်ထခြင်း မိတ်ထွက်တာကို heat rash လို့ ခေါ်ပါတယ်။ “prickly heat” ၊ “summer rash” ၊ “Sweat rash” စသည်ဖြင့် အမျိုးမျိုး သုံးကြတယ်။ ဆေးပညာမှာ miliaria လို့ သုံးနှုန်းတယ်။ ပူအိုက်တဲ့ရာသီ (အထူးသဖြင့် နွေရာသီ)မှာ ယားယံတဲ့ အနီစက်အဖုအပိန့်တွေထွက်ရင် မိတ်လို့ ယေဘုယျပြောနိုင်ပါတယ်။ မိတ်ထွက်တဲ့အခါ အနီစက်၊အနီဖုသေးသေးလေးတွေကနေ အနီကွက်ကြီးတွေ ထိဖြစ်လာနိုင်တယ်။ ဧရိယာကျယ်လာတာနဲ့အမျှ အရေပြားရောင်တာ၊ ရဲတာ၊ ယားတာ၊ ပူစက်ပူလောင်နေတာမျိုး ရှိတယ်။ ချွေးအောင်းပြီး အရည်ကြည်ဖုထတဲ့မိတ်လည်း ရှိပါတယ်။ ဘာ့ကြောင့်မိတ်ထွက်လဲ လူ့ခန္ဓာကိုယ်အရေပြားအောက်မှာ ချွေးဂလင်းတွေထောင်နဲ့ချီပြီး ရှိပါတယ်။ ပြင်ပအပူချိန်များတဲ့အခါ အရေပြားအေးမြသွားအောင် ချွေးထုတ်ပြွန်တွေက ချွေးထုတ်ပေးရတယ်။ ပူပြင်းတဲ့နွေရာသီမှာ ပုံမှန်ထက်ပိုပြီး ချွေးထွက်များတယ်ဆိုတာ ဒီသဘောပဲ။ […]




