Elastosis Perforans Serpiginosa (EPS) အရေပြားမှ ဖိုင်ဘာမျှင် ထိုးထွက်ခြင်း Elastosis perforans serpiginosa (EPS) ဆိုတာ ပုံမှန်မဟုတ်တဲ့ Elastin ဖိုင်ဘာမျှင်တွေဟာ ထူထဲလာပြီး အောက်လွှာအရေပြား(dermis)ကနေ အပေါ်လွှာအရေပြား (epidermis)ထိ ထိုးထွက်နေတဲ့ အရေပြားရောဂါတစ်ခုဖြစ်တယ်။ “Elastosis” ဆိုတာ အလက်စတစ်အမျှင် ဖွဲ့စည်းခြင်း၊ “Perforans” က အရေပြားကို ဖောက်ထွင်းထွက်လာခြင်း၊”Serpiginosa” ဆိုသည်မှာ မြွေတွားသလို ခရုပတ်ပုံစံ ဖြစ်နေခြင်းကို ဆိုလိုတယ်။EPS ဖြစ်တဲ့အခါ သေးငယ်တဲ့ နီညိုရောင်ဖုတွေဟာ အရေပြားမှာ ခရုပတ်ပုံစံ ဖောင်းတက်နေပါတယ်။ခန္ဓာကိုယ်က ဒီပုံမှန်မဟုတ်တဲ့ တစ်ရှူးများကို ဖယ်ရှားရန် ကြိုးစားရာမှ အရေပြားပေါ်မှာ ခရုပတ်ပုံစံ (သို့) ကွင်းပုံစံ အစင်းကြောင်းတွေဖြစ်ပေါ်လာတယ်။ EPS ဖြစ်တဲ့အခါ အရေပြားအဖုငယ်တွေဟာ အသားရောင်၊ အညိုရောင် (သို့) […]
There are four generations of retinoids: Role of retinoids for acne Mechanism of action The mechanism of action of topical retinoids is very complex. When applied topically, any deficiency in collagen that exists in the skin is partially improved. Among all the topical retinoids, tretinoin is the most potent and widely used therapy for photo-aging. […]
အမွှေးမြုံခြင်း အမွှေးပေါက်တဲ့နေရာက ပိတ်ဆို့နေတာကြောင့် အပြင်မထွက်နိုင်ဘဲ အတွင်းပြန်ဝင်တာ၊ အရေပြားဘေးသားထဲတဖြည်းဖြည်းတိုးဝင်ကြီးထွားလာရာကနေ ဖြစ်ကြတယ်။ တခါတရံ အရေပြားဆဲလ်သေတွေကြောင့် ဆံပင်မွေးညင်းပေါက်ပိတ်ဆို့တဲ့အခါ ဖြစ်နိုင်ပါတယ်။ ယေဘုယျအားဖြင့် သဘာဝအတိုင်း ဆံပင်ကောက်တာ၊ တိုလွန်းတဲ့အခါမျိုးမှာ ဆံပင်၏ချွန်ထက်တဲ့အဖျားက အရေပြားတွင်း ထိုးဖောက်ဝင်ရောက်ပြီး အမွှေးမြုံခြင်းကို ဖြစ်စေတယ်။ အမွှေးမြုံတဲ့အခါ ဝက်ခြံပုံစံ ပြည်တည်နာ၊ မွှေးကျွတ်နာဆန်ဆန် ဖြစ်တတ်တယ်။ ယားယံတဲ့ အဖုတွေလဲ ထွက်လာနိုင်တယ်။ ပွတ်ပါများရင် အရေပြားကမဲပြီး ထူလာတတ်သေးတယ်။ အမွှေးရှိတဲ့နေရာတိုင်းမှာ ဒီပြဿနာဖြစ်နိုင်တယ်။ အများအားဖြင့် မုတ်ဆိတ်ရိတ်တဲ့ နေရာတွေမှာ မကြာခဏ ပေါက်တတ်တယ်။ ဦးရေပြား၊ ဂျိုင်းကြား၊ဆီးခုံမွှေးစတဲ့နေရာတွေမှာလည်း အဖြစ်များတယ်။ ကျော၊ခြေထောက်တွေက ပုံမှန်ထက်အဖြစ်နည်းပေမယ့်waxing ဖယောင်းဖြင့်အမွှေးချွတ်တဲ့အခါပိုဖြစ်နိုင်တယ်။ ဒီပြဿနာက မွေးရာပါ ဆံပင်ကောက်သူ (သို့) ဆံပင်ကြမ်းတမ်းတဲ့သူတွေမှာ ပိုအဖြစ်များတယ်။ မုတ်ဆိတ်ရိတ်တဲ့အခါ တိုစိနေအောင် ရိတ်တာက ဒီပြဿနာကို အစပြုတယ်။ ပြန်ပေါက်တဲ့အမွှေးက ပိုမိုချွန်ထက်တဲ့အစွန်းရှိတာကြောင့် အရေပြားအောက် ပြန်ဝင်ဖို့လွယ်ကူပြီး အရေပြားအတွင်းပိုင်း ပိတ်မိနေနိုင်တယ်။ ကြာတော့ ဆဲလ်သေပိုးမွှားစုစည်းမိရာက ပြည်တည်နာဖြစ်လာတယ်။ အမျိုးသားဟော်မုန်း တက်စတိုစတီရုန်းများရင် ပုံမှန်ထက်အမွေးအမျှင်ထူတာကြောင့် အမွှေးမြုံဖို့ အလားအလာ ပိုများပါတယ်။ အမွှေးမြုံပြီး ရောင်ရမ်းဓာတ်ထွက်တဲ့အခါမွေးညှင်းအိတ်ရောင်ပြီး ပြည်တည်နာဆန်ဆန် (Pseudofolliculitis) ဖြစ်လာတယ်။ မုတ်ဆိတ်ရိတ်တဲ့နေရာဖြစ်ရင်သင်တုန်းဓားဝက်ခြံဖု (razor bumps)ခေါ်ပါတယ်။ ကုသနည်း အများစုဟာ သူ့ဘာသာပြန်ကောင်းသွားနိုင်တယ်။ အရေပြားပေါ်ယံလွှာ ပိတ်ဆို့တာတွေ ဖယ်ရှားပေးမယ့်exfoliation အာနိသင်ရှိတဲ့ဆေးတွေလိုတယ်။ Salicylic acid, Tretinoinလိုဆေးတွေအပြင် တခါတရံ အရေပြားရောင်ရင် စတီးရွိုက်လိမ်းဆေးတွေ သုံးရတတ်တယ်။ ပိုးဝင်ပြည်တည်နာအတွက် ပဋိဇီဝပိုးသတ်လိမ်းဆေးသို့မဟုတ် သောက်ဆေးလိုတယ်။ အမွှေးထူသူအတွက် တခြားနည်းကတော့ လေဆာပစ်တာဖြစ်ပါတယ်။အကုန်အကျများတာကြောင့် ပုံမှန်အားဖြင့် လုပ်ဖို့မလိုပါဘူး။ ကုတဲ့အခါ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ပြုလုပ်သင့်တယ်။ အမွှေးမြုံရင်သန့်ရှင်းရေးကအရေးကြီးတယ်။ အမွှေးမြုံတဲ့နေရာကို ဆပ်ပြာအပျော့စားကို ရေခပ်နွေးနွေးနဲ့ ရောပြီး ဆေးကြောသန့်စင်ရမယ်။ နောက်ပြီး စိုစွတ်တဲ့ ရေနွေးအ၀တ်စနဲ့ ၁မိနစ်ကြာ အုပ်ထားပြီး ဖယ်လိုက်ပါ။ တခါတရံ အတွင်းပိုင်းထိ အမွှေးလိပ်ဝင်တဲ့နေရာကို ဆေးထိုးအပ်ထိပ်နဲ့ သေချာဖြေပေးရတယ်။ ဆဲလ်သေပိတ်ဆို့မှုကြောင့် ဖြစ်ရင် မျက်နှာကို scrub တပတ်နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။ သို့သော် အရမ်းပြင်းထန်တဲ့ harsh scrub တွေက အရေပြားရောင်ရမ်းခြင်းကို ပိုဖြစ်စေလို့ သတိပြုသင့်တယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment. အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ(သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။
Vellus hair cysts ဆိုတာ မွေးညင်းနုပိတ်ဆို့ရာက ရုတ်တရက်ဖြစ်ပေါ်လာတဲ့ မွေးညင်းနု အဖုငယ်လေးတွေကို ခေါ်ပါတယ်။ vellus hair ဆိုတာ မွှေးညင်းနုတွေ ဖြစ်ပါတယ်။ ခြေမွေး၊ လက်မွေး၊ မျက်နှာမွေး စသည်တွေဟာ vellus hair အမျိုးအစား ဖြစ်ကြပါတယ်။ terminal hair ဆိုတာ မည်းနက်ရှည်လျားပြီး ကြမ်းတမ်းတဲ့ အမွေးမျှင်တွေကို ခေါ်ပါတယ်။ ဆံပင်၊ နှုတ်ခမ်းမွေး၊ ဂျိုင်းမွေး၊ ဆီးခုံမွေးတွေဟာ terminal hair အမျိုးအစားမှာပါတယ်။ မွေးညင်းဖု (vellus hair cyst)ကို လေ့လာကြည့်တဲ့အခါ keratin တစ်ရှူးတွေ၊ vellus hair မွေးညင်းနုတွေ စုဖွဲ့ထားတာ တွေ့ရတယ်။ ဘာ့ကြောင့်ဖြစ်လဲ မွေးညင်းပေါက် အလယ်ပိုင်း (infundibulum) ပိတ်ဆို့ခြင်းကြောင့် vellus hair […]




