Open 9:00-12:00 AM
+95 92051590

Tag Archive : tinea versicolor

Pityriasis versicolor ညှင်းပေါက်ခြင်း Pityriasis Versicolor (ညှင်း)ဟာ yeast တဆေးမှိုတွေ ပုံမှန်ထက် လွန်ကဲစွာ ပွားများမှုကြောင့် ဖြစ်ပေါ်လာတဲ့ အဖြူကွက်တွေ ဖြစ်တယ်။ ဒီမှိုဟာ လူ့အရေပြားမှာ ပုံမှန်နေထိုင်နေတတ်ပြီး အချို့သော အခြေအနေမှာ ပြဿနာ ဖြစ်ပေါ်လာတတ်တယ်။ ညှင်းကွက်တွေဟာ လူတစ်ယောက်မှ တစ်ယောက် မကူးစက်နိုင်ပါဘူး။  ညှင်းကွက်တွေဟာ Malassezia မျိုးစိတ်ဝင် Malassezia globosa, Malassezia furfur တဆေးမှိုတို့ကြောင့် အဖြစ်များတယ်။ အဆီပြန်တဲ့အသားအရေမှာ အဓိကတွေ့ရတယ်။ ချွေးထွက်များခြင်း၊ စိုထိုင်းစများခြင်းစတဲ့ အခြေအနေမျိုးမှာ အဖြစ်များတယ်။ ခုခံအားကျဆင်းခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ ဟော်မုန်းပြောင်းလဲမှုနဲ့  အာဟာရချို့တဲ့မှုကြောင့်လည်း ဖြစ်နိုင်တယ်။ အရေပြားမှာ အသားအရောင် မညီညာတဲ့ အကွက်များ ပေါ်ထွက်လာပါတယ်။  အဖြူရောင်ပန်းနုရောင်၊ အညိုနုရောင် သို့မဟုတ် အနီရောင်အကွက် စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။ […]