Prurigo Simplex သွေးယားနာ ဆေးပညာမှာအလွန်အမင်း ယားယံတဲ့ အဖုငယ်လေးတွေကို prurigo ခေါ်ပါတယ်။ Prurigo Simplex ဆိုတာ အဖြစ်များတဲ့ သွေးယားနာရောဂါဖြစ်ပါတယ်။ ဒီရောဂါရှိသူဟာ ခန္ဓာကိုယ်မှာ အနီစက်နဲ့ အဖုကလေးတွေ ထွက်ပေါ်လာပြီး နာတာရှည်ယားယံမှုကို ဖြစ်ပေါ်စေတယ်။ ပျောက်ပြီး ပြန်ဖြစ်တတ်တဲ့ သဘောသဘာဝရှိပါတယ်။ သွေးယားနာ ဘာ့ကြောင့်ဖြစ်လဲ အကြောင်းရင်းကို တိတိကျကျမသိရသေးဘူး။ သီအိုရီအရ အစားအစာ၊ ဆေးဝါး၊ ပန်းဝတ်မှုန်၊ ဖုန်မှုန့်နဲ့ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်နိုင်တယ်။ နေရောင် ထိတွေ့မှုများရင်လည်း ဖြစ်တတ်တယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ အင်းဆက်ပိုးမွှားကိုက်ခံရခြင်းကြောင့် ဖြစ်လာတတ်တယ်။ မိန်းကလေးတွေမှာ ဟော်မုန်းအပြောင်းအလဲနဲ့ သက်ဆိုင်တယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ဓမ္မတာလာချိန်တွေမှာ ရုတ်တရက် ပေါ်လာတတ်တယ်။ အိပ်ရေးပျက်တာနဲ့ စိတ်ဖိစီးမှုက ယားယံမှုကို ပိုဆိုးစေတယ်။ မျိုးရိုးထဲမှာ ဒီလိုရောဂါရှိရင် ပိုဖြစ်နိုင်တာတွေ့ရတယ်။ […]

