Ecthyma အနာဖေးခွက် Ecthyma ဆိုတာ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် အရေပြားအောက်လွှာ(Dermis)ထိ ကူးစက်ပြီး ပြည်တည်နာ (Pustules) နဲ့ အနာစေးဖတ်(Ulcer with Crust) တွေ ဖြစ်ပေါ်လာတဲ့ အနာရောဂါ ဖြစ်ပါတယ်။ Deep impetigo လည်းခေါ်ကြတယ်။ အဖြစ်အများဆုံး ဘက်တီးရီးယားပိုးက Group A Beta-Hemolytic Streptococcus (Streptococcus pyogenes) ဖြစ်ပါတယ်။ တခါတရံ Staphylococcus aureus တွဲဖက်ဖြစ်စေနိုင်တယ်။ Impetigo (အရေပြားပေါ်ယံပိုးဝင်ခြင်း)၊ Varicella (ကျောက်မီးဖွား)၊ Scabies (ယားနာ) တို့မှ တဆင့် နောက်ဆက်တွဲပိုးဝင်တဲအခါ တွေ့ရတတ်တယ်။ Ecthyma ဟာ Impetigo နဲ့မတူဘဲ အောက်လွှာထိ နက်ရှိုင်းစွာ ကူးစက်တတ်ပါတယ်။ အနာကျက်ပြီး အမာရွတ် (Scar) ကျန်ရစ်တတ်ပါတယ်။ ခြစ်ရှရာဒဏ်ရာငယ်များ: အင်းဆက်ကိုက်ခြင်း၊ […]
Erysipelas အရေပြားအလယ်လွှာရောင်ရမ်းခြင်း Erysipelas ဆိုတာ ဘက်တီးရီးယားပိုး ဝင်ရောက်မှုကြောင့် အရေပြားအလယ်လွှာ (Upper Dermis) နဲ့ အရေပြားရှိ ပြန်ရည်ကြော (Superficial Lymphatics) တွေ ရောင်ရမ်းတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ Cellulitis (အရေပြားတစ်ရှူးရောင်ရမ်းခြင်း) နဲ့ ဆင်တူပေမယ့် Erysipelas ဟာ အပေါ်ဖက်အရေပြားရောင်ရမ်းတာကြောင့် နီရဲတဲ့အပိုင်းက ပိုပြီးထင်ရှားတယ်။ အထူးသဖြင့် မျက်နှာ (နှာခေါင်းနှင့် ပါးပြင်တဝိုက်)၊ ခြေထောက်၊ လက်မှာ အဖြစ်များတယ်။ Erysipelas အဓိကဖြစ်စေတဲ့ ဘက်တီးရီးယားဟာ Group A Beta-Hemolytic Streptococcus (Streptococcus pyogenes) ဖြစ်ပါတယ်။ တခါတရံ Staphylococcus aureus ကြောင့်လည်း ဖြစ်တတ်တယ်။ ဒီဘက်တီးရီးယားပိုးတွေဟာ အရေပြား အနာ (သို့) ဒဏ်ရာတွေကတဆင့် ဝင်ရောက်ကြပါတယ်။ အသေးစားဒဏ်ရာ […]
မွှေးညင်းအိတ်ရောင်ခြင်း (Folliculitis)ဟာ မွှေးညင်းအိတ်ရောင်ရမ်းတဲ့ အနာတစ်မျိုး ဖြစ်တယ်။ မွှေးကျွတ်နာဆိုတာ bacteria folliculitis ကို ခေါ်တာ ဖြစ်ပါတယ်။ ဒီအနာတွေဟာ မွှေးညင်းပေါက် ပိတ်ဆို့ရာက စတင်ဖြစ်ပေါ်လာပါတယ်။ ပိတ်ဆို့တဲ့နေရာက ရောင်ရမ်းပြီး နောက်ဆုံးပိုးဝင်လာပါတယ်။ ချွေးအောင်းတာ၊ အရေပြားပွတ်တိုက်မိရာက မွှေးညင်းအိတ်အတွင်းပိုင်း ထိခိုက်ပြီး မွှေးညင်းအိတ်ရောင်ရမ်းစေနိုင်တယ်။ အရေပြားဆေးပညာအရ folliculitis ဆိုတာ မွှေးညင်းအိတ်ရောင်တဲ့ အဆင့်ကို ပြောတာပါ။ မွှေးညင်းအိတ်ရောင်ရမ်းတာ၊ အပေါ်ယံ မွှေးညင်းအိတ်ပိုးဝင်တာတွေက မွှေးကျွတ်နာကို ဖြစ်စေတယ်။ မွှေးကျွတ်နာတွေက ရောင်ရမ်းဝက်ခြံနဲ့ ဆင်တူတယ်။ မတူတဲ့အချက်က ယားယံတတ်တယ်။ မျက်နှာ၊ လက်မောင်း၊ ကျော၊ ရင်ဘတ်၊ လည်ပင်း၊ တင်ပါးအစရှိတဲ့နေရာမှာ ဖြစ်နိုင်တယ်။မွှေးကျွတ်နာရဲ့ ကနဦးအဆင့်မှာ မွှေးညင်းအိတ်က ရဲပြီး ဖောင်းတက်လာတယ်။ ခပ်ရဲရဲအနီဖုလေး ဖောင်းထွက်တာ မြင်လာရတယ်။ နှစ်ရက်အတွင်း ပိုးဝင်ပြီး ပြည်တည်လာမယ်။ […]



