Carotenoderma အရေပြားဝါခြင်း
Erythrasma ချိုင်းသား အနီကွက် Erythrasma ဆိုတာ Corynebacterium minutissimum ဘက်တီးရီးယားပိုးတစ်မျိုး ကြောင့်ဖြစ်တဲ့ အနီကွက်ယားနာကို ခေါ်ပါတယ်။ Erythrasma ဟာ အရေပြားအပေါ်ဆုံးအလွှာ (stratum corneum)မှာ အဓိကဖြစ်ပွားလေ့ရှိပါတယ်။ အထူးသဖြင့်ခန္ဓာကိုယ်ချွေးထွက်များပြီး ဆန့်ကျုံ့နိုင်တဲ့ နေရာတွေမှာ(skin folds) အဖြစ်များပါတယ်။ အဆိုပါဘက်တီးရီးယားပိုးဟာ အရေပြားပေါ် ပုံမှန်နေထိုင်တတ်တဲ့ ပိုးမွှားတစ်မျိုးဖြစ်ပါပြီး ပူအိုက်ပြီး ချွေးထွက်များတဲ့ရာသီဥတုမှာ ပွားလာတတ်တယ်။ သန့်ရှင်းမှုနည်းခြင်း၊ ဆီးချိုရောဂါ၊ ကိုယ်အလေးချိန်များခြင်း နဲ့ ကိုယ်ခံအားနည်းခြင်းတို့က ရောဂါဖြစ်ပွားမှုကို အားပေးလှုံ့ဆော်တယ်။ Erythrasma ရောဂါဟာ ရောဂါရှိသူနှင့် အရေပြားချင်း တိုက်ရိုက်ထိမိခြင်း (direct contact)ကြောင့် ကူးစက်နိုင်ပါတယ်။ ရောဂါရှိသူသုံးထားတဲ့အဝတ်အစား၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်းတွေကို မျှဝေသုံးစွဲမိခြင်း (contaminated items)ကနေလည်း ကူးစက်နိုင်တယ်။ ဒီရောဂါဟာ Impetigo လောက် မကူးစက်နိုင်ပါဘူး။ […]
Miliaria crystallina ချွေးမိတ်ထခြင်း မိတ်ထွက်တာကို heat rash လို့ ခေါ်ပါတယ်။ “prickly heat” ၊ “summer rash” ၊ “Sweat rash” စသည်ဖြင့် အမျိုးမျိုး သုံးကြတယ်။ ဆေးပညာမှာ miliaria လို့ သုံးနှုန်းတယ်။ ပူအိုက်တဲ့ရာသီ (အထူးသဖြင့် နွေရာသီ)မှာ ယားယံတဲ့ အနီစက်အဖုအပိန့်တွေထွက်ရင် မိတ်လို့ ယေဘုယျပြောနိုင်ပါတယ်။ မိတ်ထွက်တဲ့အခါ အနီစက်၊အနီဖုသေးသေးလေးတွေကနေ အနီကွက်ကြီးတွေ ထိဖြစ်လာနိုင်တယ်။ ဧရိယာကျယ်လာတာနဲ့အမျှ အရေပြားရောင်တာ၊ ရဲတာ၊ ယားတာ၊ ပူစက်ပူလောင်နေတာမျိုး ရှိတယ်။ ချွေးအောင်းပြီး အရည်ကြည်ဖုထတဲ့မိတ်လည်း ရှိပါတယ်။ ဘာ့ကြောင့်မိတ်ထွက်လဲ လူ့ခန္ဓာကိုယ်အရေပြားအောက်မှာ ချွေးဂလင်းတွေထောင်နဲ့ချီပြီး ရှိပါတယ်။ ပြင်ပအပူချိန်များတဲ့အခါ အရေပြားအေးမြသွားအောင် ချွေးထုတ်ပြွန်တွေက ချွေးထုတ်ပေးရတယ်။ ပူပြင်းတဲ့နွေရာသီမှာ ပုံမှန်ထက်ပိုပြီး ချွေးထွက်များတယ်ဆိုတာ ဒီသဘောပဲ။ […]



