Sporotrichosis ဥယျာဉ်ခြံ စိုက်ပျိုးရေးအနာ Sporotrichosis ဆိုတာ Sporothrix schenckii လို့ခေါ်တဲ့ မှိုပိုး ကြောင့် ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်တယ်။ ဒီမှိုပိုးဟာ မြေကြီး၊ ဖွဲနု၊ ကောက်ရိုး၊ ဆူးခြုံပင် (နှင်းဆီ၊ ဝက်သစ်ချ) နဲ့ သစ်သားချောင်းတွေထဲနေထိုင်တတ်ပါတယ်။ မှိုပါဝင်တဲ့ အပင်ဆူးစူးခြင်း သို့မဟုတ် အနာတစ်ခုခုကနေတစ်ဆင့် မှိုပိုးဟာ အရေပြားထဲကို ဝင်ရောက်ပါတယ်။ နှင်းဆီခြံလုပ်တဲ့ ဥယျာဉ်မှူးတွေမှာ အဖြစ်များလို့ Rose Gardener’s Disease လို့လည်းခေါ်တယ်။ ကြောင် ကိုက်ခြင်း၊ ကုတ်မိခြင်းကနေလည်း ကူးစက်နိုင်ပါတယ်။ မှိုပိုးဟာ အရေပြားကို အဓိကထိခိုက်စေပြီး၊ တစ်ခါတစ်ရံ အဆုတ်နဲ့ တခြားအင်္ဂါတွေကိုပါ ပြန့်နှံ့နိုင်ပါတယ်။ Sporotrichosis အမျိုးအစားများ ၁။ Cutaneous Sporotrichosis Lymphocutaneous Sporotrichosis က […]

