Open 9:00-12:00 AM
+95 92051590

Tag Archive : Solar Dermatitis

Actinic prurigo နေရောင် ယားနာကျိတ် Actinic Prurigo ဆိုတာ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ယားနာအရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ “Actinic” ဆိုတာ နေရောင်ထိတွေ့မှုနဲ့ဆိုင်တဲ့ “Prurigo” ယားယံအဖုအပိန့်လို့ အဓိပ္ပာယ်ရပါတယ်။ ဒီရောဂါမှာ ပုံမှန်မဟုတ်တဲ့ ကိုယ်ခံအားတုံ့ပြန်မှုကြောင့် ယားနာကျိတ်တွေ စတင်ဖြစ်ပေါ်လာတယ်။ အထူးသဖြင့် နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည် (UV radiation) ကို အရေပြားက လက်မခံနိုင်ဘဲ ဓာတ်မတည့်တဲ့ပုံစံနဲ့ ပြန်လည် တုံ့ပြန်ခြင်း ဖြစ်ပါတယ်။ နေရောင် ယားနာကျိတ် (Actinic Prurigo)တွေဟာ နဖူး၊ နှာခေါင်း၊ ပါးပြင်စတဲ့နေရာတွေမှာ အဖြစ်များတယ်။ လက်မောင်း၊ လက်ဖျံ၊ လည်ပင်း နဲ့ ရင်ဘတ်အပေါ်ပိုင်းတွေဖြစ်တတ်တယ်။အချို့လူနာတွေမှာ နှုတ်ခမ်း (အထူးသဖြင့် အောက်နှုတ်ခမ်း) နဲ့ မျက်လုံးတွေပါရောင်ရမ်း (conjunctivitis) နိုင်ပါတယ်။  […]