Open 9:00-12:00 AM
+95 92051590

Tag Archive : Skin necrosis

28 Nov, 2021 | No Comments

Frostbite

Frostbite နှင်းကိုက်ခြင်း Frostbite ဆိုတာ အလွန်အမင်းအေးခဲတဲ့ရာသီဥတုမှာ အရေပြားနဲ့ တစ်ရှူးတွေ ခဲပြီး ပျက်စီးသွားတဲ့ အခြေအနေ ကို ခေါ်ပါတယ်။ မြန်မာလို နှင်းကိုက်ခြင်း(နှင်းကိုက်နာ)လို့ ခေါ်ကြတယ်။ ရေခဲတောင်တက်တာ၊ အေးခဲတဲ့ရာသီမှာ အနွေးထည်မလုံလောက်တာနဲ့ အကာကွယ်မဲ့တာတွေဟာ နှင်းကိုက်ခြင်းကို ဖြစ်ပေါ်လာစေတယ်။နှင်းကိုက်ခြင်းဟာ အပူချိန် သုညဒီဂရီအောက် အေးခဲတဲ့ ပတ်ဝန်းကျင်အနေအထားမှာဖြစ်ပေါ်လေ့ရှိတယ်။ အအေးဒဏ်သက်ရောက်မှုကြောင့် သွေးကြောတွေကျဉ်းမြောင်းပြီး သွေးစီးဆင်းမှု လျှော့နည်းလာတယ်။ တဆက်တည်းမှာပဲ ဆဲလ်တွေ အောက်ဆီဂျင်ပြတ်လပ်ပြီး တစ်ရှူးတွေ သေဆုံးသွားတယ်။ နှင်းကိုက်ခြင်းဟာ အရေးပေါ်ပြဿနာမို့ မကုဘဲထားရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျက်စီးဆုံးရှုံးနိုင်ခြေ ရှိပါတယ်။  Frostbite နှင်းကိုက်တဲ့အခါ အဆင့်အမျိုးမျိုးရှိတယ်။ နှင်းကိုက်စ ပထမအဆင့်မှာအရေပြားနီမြန်းလာတာ၊ ထုံကျင်လာတာ၊စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုး စတင်ခံစားရတယ်။ ဒီအဆင့်ကို Frostnip (အအေးလောင်ခြင်း)လို့ ခေါ်ပါတယ်။ ဒီလက္ခဏာတွေဟာ ခန္ဓာကိုယ်နွေးအောင် ပြန်လုပ်ပေးရင် ပျောက်ကင်းနိုင်တယ်။ […]