Argon Laser သွေးကြောဖျက် လေဆာ Argon Laser ဆိုတာ အာဂွန်ဓာတ်ငွေ့ကို အသုံးပြုပြီး စွမ်းအင်မြင့် ဖိုတွန်အလင်းမှုန်တွေ ထုတ်လွှတ်ပေးတဲ့ လေဆာတစ်မျိုးဖြစ်ပြီး မျက်ကြည်လွှာနဲ့ ရေတိမ်ကုသရာမှာ အဓိကအသုံးပြုကြတယ်။ အာဂွန်လေဆာဟာ ၄၈၈ nm နဲ့ ၅၁၄ nm လှိုင်းအလျားရှိပြီး အပြာနဲ့ အစိမ်းရောင် လှိုင်းတွေကို ထုတ်လွှတ်နိုင်တယ်။ ဒီလေဆာဟာ အောက်ဆီဂျင်ဓာတ်ကြွယ်ဝတဲ့ Haemoglobin နဲ့ melanin တွေ အပေါ်သက်ရောက်စေတာကြောင့် အရေပြားပြဿနာကုသရာမှာ အသုံးကျတယ်။ အထူးသဖြင့် လှိုင်းအလျား 514nm ရှိတဲ့ အစိမ်းရောင်လေဆာ (Argon Green Laser) ကို အရေပြား သွေးကြောပေါ်ခြင်း (Telangiectasia)၊ မှဲ့နီ (Cherry Angiomas)၊ အသားပိုနဲ့ တင်းတိပ်ကုသရာမှာ အသုံးပြုတယ်။ Argon […]

