Open 9:00-12:00 AM
+95 92051590

Tag Archive : pus

Fungal mycetoma မှိုလုံးအကျိတ်  Mycetoma ဆိုတာက အရေပြား၊အောက်ခံတစ်ရှူးများနဲ့ အရိုးကို ထိခိုက်စေတဲ့ နာတာရှည် မှိုရောဂါ တစ်မျိုးဖြစ်ပါတယ်။ ဒီမှိုကြောင့် အရေပြားမှာ အလုံးအကျိတ် အနာတွေ အစုလိုက်ဖြစ်ပေါ်လာတယ်။ Mycetoma ရောဂါထဲမှာ မှိုကြောင့်ဖြစ်တဲ့ Eumycetoma နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ Actinomycetoma ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီဆောင်းပါးမှာ မှိုကြောင့်ဖြစ်သော Mycetoma ရောဂါ အလုံးအကျိတ်တွေ အကြောင်းကို ရှင်းပြသွားမှာဖြစ်တယ်။ ဒီမှိုလုံးကျိတ်(Eumycetoma)တွေဟာ Madurella mycetomatis, Scedosporium apiospermum မှိုမျိုးစိတ်တွေကြောင့် အဓိကဖြစ်ပွားတယ်။ ဆူးစူးခြင်း၊ ထိခိုက်ရှနာခြင်းစတဲ့ အသေးစားဒဏ်ရာလေးတွေကနေ မှိုပိုးဟာ ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီး မှိုလုံးကျိတ်အနာပုံစံ ပြောင်းလဲသွားတယ်။ လယ်သမား၊ယာသမား၊ ဥယျာဉ်မှူး၊ သိုးကျောင်းဆိတ်ကျောင်း စတဲ့သူတွေဟာခြေထောက်ဗလာနဲ့ လုပ်ကိုင်ရသူတွေမို့ ရောဂါကူးစက်နိုင်ချေများတယ်။ ဒီမှိုပိုးဟာ ကျေးလက်နေ ပြည်သူတွေ […]

29 Oct, 2021 | No Comments

Abscess

Abscess ပြည်လုံးတည်ခြင်း Abscess (ပြည်တည်နာ) ဆိုတာ အရေပြားအောက်လွှာတစ်ရှူးတွေမှာ ပြည်တွေ စုအောင်းနေတဲ့အနာစိုတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်လာတဲ့အခါ ခုခံအားစနစ်က ပိုးမွှားကိူ တိုက်ထုတ်ရင်း ပြည်အဖြစ် စုမိသွားကြတယ်။  အမှန်တော့ ပြည်ဆိုတာ အရေပြားဆဲလ်သေ၊ ဘက်တီးရီးယားနဲ့ သွေးဖြူဥတွေ ရောနှေပေါင်းစပ်ထားတဲ့ ခပ်ပျစ်ပျစ်အရည်ဖြစ်တယ်။ ပုံမှန်အားဖြင့် ပြည်အများစုဟာ အဝါရောင် (သို့) အစိမ်းရောင်ရှိတယ်။ အများအားဖြင့် Staphylococcus aureus ဘက်တီးရီးယားပိုးကြောင့် ဖြစ်လာတယ်။ ဒီပိုးတွေဟာ အရေပြားအပေါ်ယံထိခိုက်ရှနာ (ဓားရှရာ၊ ဆူးစူးဒဏ်ရာ၊ မီးလောင်ဒဏ်ရာ) ကနေဖြစ်လာတယ်။ အဆိုပါပိုးတွေဟာ ခန္ဓာကိုယ်မွေးညှင်းအိတ် (hair follicles)က တဆင့် အရေပြားအောက်ခြေထိ ဝင်ရောက်လာပြီး ပြည်တည်နာကို ဖြစ်ပေါ်စေပါတယ်။ တခါတရံမှာ ခန္ဓာကိုယ်အတွင်းပိုင်း (အသည်း၊ ဦးနှောက်) တွေမှာလည်း ပြည်တည်နာ ဖြစ်စေနိုင်တယ်။ […]

29 Oct, 2021 | No Comments

Carbuncles

အနာပဆုပ်(Carbuncles)ဆိုတာ မွှေးညင်းအိတ်ပိုးဝင်ရာက ဖြစ်ပေါ်လာတဲ့ ပြည်တည်နာအလုံးအကျိတ်တစ်မျိုး ဖြစ်ပါတယ်။ အနာတွေ အဆုပ်လိုက်ဖြစ်တာမို့ အနာပဆုပ် လို့ခေါ်ပါတယ်။ လက်တင်စကားအရ carbuncle ဆိုရင် “အနီရောင် နတ်သွေးကျောက်”လို့ အဓိပ္ပါယ် ရပါတယ်။ အနီရောင်အလုံးကျိတ်အဖြစ် မြင်တွေ့ရတယ်။ အနာစိမ်း၊ မွေးကျွတ်နာ တွေထက် အလုံး ပိုကြီးပြီး ပိုနက်ပါတယ်။ အောက်ဆုံးအဆီလွှာ(subcutaneous layer)ထိ ပိုးဝင်တတ်ပါတယ်။  အနာပဆုပ်တစ်လုံးဟာ အရွယ်အစား ၁-၄လက်မထိ ရှိနိုင်တယ်။ ဖြစ်စမှာ အနီရောင်ပြည်ကျိတ်တွေက တဖြည်းဖြည်း အရွယ်အစားကြီးလာတယ်။ အနာက နီးစပ်ရာ အရေပြားကိုကူးစက်လာပြီး ကျယ်ပြန့်လာတယ်။ အကျိတ်က အစွန်းကုန်ရောင်ပြီး ဖောင်းတက်လာတယ်။ ဘေးမျက်နှာပြင်ပါ ရောင်ရမ်းရဲတက်လာသလို ပူနွေးလာပါတယ်။ အရေပြားမှာ ပြည်အကျိတ် အစိုင်အခဲအနေနဲ့ စမ်းမိနိုင်တယ်။ ဒီအဆင့်ဟာ ပြည်တည်နာ အချင်းချင်းစုပြီး အဆုပ်လိုက်ဖြစ်လာတဲ့အဆင့် ဖြစ်ပါတယ်။ အနာက […]

Boils ကို အနာစိမ်းလို့ မြန်မာလို ဘာသာပြန်ကြတယ်။ ဆေးပညာအခေါ်အဝေါ်အရ furuncles လို့ ခေါ်တယ်။ deep folliculitis (အပြင်းစားမွှေးကျွတ်နာ) တစ်မျိုးဖြစ်တယ်။ Staphylococcus aureus ဗက်တီးရီးယားပိုး ဝင်ရောက်မှုကြောင့် အဓိကဖြစ်လာတယ်။ အနာစိမ်း(boils)ဖြစ်တဲ့အခါ မွေးညင်းအိတ်ရောင်ရမ်းပိုးဝင်ရုံသာမက အဆီဂလင်းလည်း ထိခိုက်တယ်။ အနာက အရေပြားအောက်ခြေထိ လှိုက်စားသွားပါတယ်။ အနာစိမ်းက ပွတ်တိုက်မှုများတာ၊ ချွေးထွက်များတာ၊ ရေနဲ့ ထိတွေ့မှုများတာတွေနဲ့ သက်ဆိုင်တတ်တယ်။ မျက်နှာ၊လည်ပင်း၊ပေါင်၊ကျော၊တင်ပါး စတဲ့နေရာတွေမှာ အဖြစ်များတယ်။ ပုံမှန်အားဖြင့် မွှေးကျွတ်နာ (bacteria folliculitis)အဆင့်ကနေ အနာစိမ်းအဖြစ်ပြောင်းလဲလာပါတယ်။ အနာစိမ်းဖြစ်ရင် ရိုးရိုးမွှေးကျွတ်နာထက် ပိုဆိုးတယ်။ နေရာပိုကျယ်ပြန့်တဲ့ သဘောရှိတယ်။ အနာက ရောင်ရမ်းပြီး နာကျင်ကိုက်ခဲတတ်တယ်။ အထိမခံနိုင်ဘူး။ စမ်းကြည့်ရင် နည်းနည်းပူတယ်။ အနာက ဖောင်းနေပြီး အလယ်မှာ ပြည်အိတ်ရှိတယ်။ ပြည်အိတ်က […]