Onychocryptosis ခြေစွယ်ငုပ်ခြင်း Onychocryptosis ဆိုတာ ခြေစွယ်ငုပ်ခြင်းကို ဆေးပညာလိုခေါ်တဲ့ အသုံးအနှုံးဖြစ်ပါတယ်။ Ingrown toenail (သို့) unguius incarnatus လည်းခေါ်တယ်။ လက်သည်း (သို့မဟုတ်) ခြေသည်းဟာ သူ့ဘေးဘက် အရေပြားထဲကို စူးဝင်တဲ့အခါ ခြေချောင်း၊လက်ချောင်းနာကျင်ရောင်ရမ်းတာ၊ ပြည်တည်နာတွေဖြစ်ပေါ်လာစေတယ်။ ခြေစွယ်ငုပ်ရတဲ့ အကြောင်းရင်းတွေ များစွာရှိပါတယ်။ ခြေသည်းညှပ်နည်း မှားယွင်းရာက အဖြစ်များတယ်။ ခြေသည်းကို အလွန်တိုအောင် ညှပ်လိုက်မိတာ (သို့) ဘေးသွားကို ချိုးညှပ်မိလိုက်တာတွေကြောင့် ဖြစ်စေတယ်။ တခါတရံ ကိုယ်နဲ့မတော်တဲ့ဖိနပ်စီးတဲ့အခါ ခြေသည်းတွေပေါ် ဖိအားသက်ရောက်မှုများပြီး ခြေသည်းကွေးရာက (Curved Nails) ခြေစွယ်ငုပ်တတ်တယ်။ ဘောလုံးကန်ရင်း ထိမိရာကနေလည်း ဖြစ်နိုင်တယ်။ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ ခြေချောင်းရောင်ရမ်းရောဂါ (Rheumatoid Arthritis)တွေကနေလည်း ခြေစွယ်ငုပ်တတ်ပြန်တယ်။ ခြေစွယ်ငုပ်တဲ့အခါ ခြေချောင်းဘေးသားကို ထိလိုက်တိုင်း၊ ဖိလိုက်တိုင်း […]

