လက်သည်းအစင်းကြောင်းပေါ်ခြင်း Onychorrhexis ဆိုတာ လက်သည်းခွံပေါ်မှာ အဖြူရောင် အစင်းကြောင်းတွေပေါ်ပြီး လက်သည်းကျိုးပဲ့လွယ်လာတဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်။ ဒီလက်သည်းပြဿနာကရောဂါတစ်ခုမဟုတ်ဘဲ နောက်ခံအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ လက်သည်းပြောင်းလဲမှုတစ်ခုသာဖြစ်ပါတယ်။ Onychorrhexis ဆိုတာ ဘာလဲ? Onycho (လက်သည်း) rrhexis (ကွဲအက်ခြင်း) လို့ အဓိပ္ပါယ်ရတယ်။ ဒီရောဂါဖြစ်ရင် လက်သည်းမှာ အလျှားလိုက် အဖြူရောင်အစင်းကြောင်း (Longitudinal ridging), လက်သည်း အလျှားလိုက် ကွဲထွက်ခြင်း (longitudinal splitting)နဲ့ လက်သည်းကျွတ်ဆတ်ခြင်း (brittle nail)စတဲ့ အဓိကလက္ခဏာသုံးမျိုး တွေ့ရပါတယ်။ တစ်ခါတစ်ရံ အစင်းကြောင်းတွေက ခပ်သေးသေးလေးဖြစ်နိုင်သလို သိသိသာသာနက်လာတဲ့အခါလက်သည်းအစွန်းတွေမှာ အရှည်လိုက်ကွဲထွက်ခြင်း ဖြစ်နိုင်ပါတယ်။ Onychorrhexis ရှိရင် လက်သည်းအရင်းကနေ အဖျားအထိ အရှည်လိုက် အစင်းကြောင်းတွေ ပေါ်လာပါတယ်။ လက်သည်းက ပုံမှန်ထက် ကြွပ်ဆတ်ပြီး ကျိုးလွယ်ပဲ့လွယ်လာတယ်။ ကြာလာတာနဲ့အမျှ […]

