Nodular acne အဖုအပိန့် ဝက်ခြံ
Sebaceous nevus (မွေးရာပါ အဆီလုံးမှဲ့)တွေဟာ ဦးရေပြားမှာတွေ့ရတဲ့ မွေးရာပါမှဲ့တွေဖြစ်ပါတယ်။ မွေးကင်းစ ကလေးငယ်တွေရဲ့ ၀.၃%မှာ တွေ့ရတယ်။ ကျား၊မ အရွယ်မရွေးဖြစ်နိုင်တယ်။ အဆီလုံးမှဲ့တွေဟာ အပေါ်ယံအရေပြားဆဲလ်၊ အဆီအိတ်၊ မွှေးညင်းပေါက်၊ ချွေးဂလင်းနဲ့ တွယ်ဆက်တစ်ရှူးတွေ စုရုံးဖွဲ့စည်းထားပါတယ်။ တနည်းအားဖြင့် အရေပြားအပေါ်ယံဆဲလ်အားလုံးပါဝင်နေပါတယ်။ အဆီလုံးမှဲ့ခြောက်တွေဟာ မွှေးညှင်းကျိတ်တစ်မျိုး ဖြစ်ပြီး epidermal nevus (အပေါ်ယံဆဲလ်မှဲ့) အမျိုးအစားထဲမှာပါဝင်ပါတယ်။ Nevus sebaceous လည်း ခေါ်ကြတယ်။ ဘာ့ကြောင့်ဖြစ်လဲ ကိုယ်ဝန်ဆောင် သန္ဓေသားဘဝမှာ ectoderm ဖြစ်တည်မှု ချို့ယွင်းချက်ကြောင့် ဒီလို အရေပြားအဆီလုံးမှဲ့တွေ ဖြစ်ပေါ်လာပါတယ်။ ဆဲလ်ကြီးထွားမှုဖြစ်စဉ် RAS/MAP kinase pathway မှာ ချို့ယွင်းချက်တစုံတရာက ဆဲလ်ကွဲပွားမှု ထိခိုက်ပြီး ပုံမှန်မဟုတ်တဲ့အဆီလုံးတွေ ဖြစ်ပေါ်လာပါတယ်။ မွေးကင်းစအရွယ် ကလေးဦးခေါင်းမှာ ခပ်ဝါဝါအကွက်အဖြစ် စတင်မြင်တွေ့ရတယ်။ […]
Majocchi granuloma မှိုပိုးအကျိတ် Majocchi’s Granuloma ဆိုတာက မှိုပိုးကြောင့်ဖြစ်တဲ့ အနာကျိတ်တစ်မျိုး ဖြစ်ပါတယ်။ဒီရောဂါဟာ Trichophyton rubrum အပါအဝင် အခြားသော Trichophyton မျိုးစိတ်တွေကြောင့် ဖြစ်တယ်။ မှိုပိုးတွေဟာ ပုံမှန်အားဖြင့် အရေပြားမျက်နှာပြင်မှာသာ ကူးစက်ပျံ့ပွားလေ့ရှိပါတယ်။ အရေပြားကုတ်ခြစ်ခြင်း၊ အမွေးရိတ်ခြင်း စတာတွေကြောင့် ဒဏ်ရာရတဲ့အခါ မွေးညှင်းပေါက်ကတဆင့် အရေပြားအောက်ခြေထိ ဝင်ရောက်သွားပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဒီမှိုပိုးတွေကို တိုက်ထုတ်တဲ့အခါ ရောင်ရမ်းမှု နဲ့ အဖုအကျိတ်လေး (granuloma)တွေကို ဖြစ်ပေါ်လာစေပါတယ်။ လက္ခဏာများ မှိုပိုးဝင်တဲ့အခါ အနီရောင်အကွက် (Plaques)တွေ စဖြစ်လာတယ်။ အနီကွက်မျက်နှာပြင်မှာ မွေးညင်းပေါက်အနာဆန်ဆန် ပြည်တည်နာလေးတွေ (pustules) ပေါ်တတ်ပါတယ်။ ရဲနေတဲ့ အရေပြားမှာ မညီညာတဲ့ အဖုတွေ အပြင်လိုက်ထွက်နေတတ်တယ်။ စစ်ဆေးကြည့်ရင် အဖုတွေဟာ အနည်းငယ် မာပြီး ခဲနေတတ်ပါတယ်။ […]




