Open 9:00-12:00 AM
+95 92051590

Tag Archive : NHL

Non-hodgkin lymphoma (NHL)ဆိုတာ ပြန်ရည်ကြောစနစ်ကို ထိခိုက်စေတဲ့ ပြန်ရည်ကြောကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ကင်ဆာဆိုတာ တကယ်တော့ မူမမှန်တဲ့ဆဲလ်တွေ ကြီးထွားလာတာကို ဆိုလိုပါတယ်။ NHL ကင်ဆာမှာ မူမမှန်တဲ့ lymphocytes သွေးဖြူဥဆဲလ်တွေဟာ တဖြည်းဖြည်းကြီးထွားလာပြီး ခန္ဓာကိုယ်အနှံ့မှာ ပြန်ရည်ကြောအကျိတ်တွေအဖြစ် မြင်တွေ့ရပါတယ်။ အမှန်တော့ သွေးဖြူဥဆဲလ်တွေဟာ ခုခံအားကိုဖြစ်စေပြီး ခန္ဓာကိုယ်တွင်း ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ပါတယ်။ NHL ဟာ သွေးနဲ့ဆိုင်တဲ့ ကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ပြန်ရည်ကြောကင်ဆာ(NHL)ဟာ မျိုးကွဲပေါင်း (၆၀)ကျော်ရှိတဲ့အနက် large B-cell lymphoma နဲ့ follicular lymphoma တွေက အဖြစ်များဆုံးအမျိုးစားတွေ ဖြစ်ပါတယ်။ပြန်ရည်ကြောအကျိတ်ဟာ အရွယ်မရွေးဖြစ်နိုင်ပေမယ့် ဖြစ်ပွားသူရဲ့ ထက်ဝက်ကျော်ဟာ အသက်(၆၀)ကျော် အရွယ်တွေဖြစ်ကြတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူ၊ ခုခံအားကျဆင်းသူနဲ့ အမျိုးသားတွေဟာ ဖြစ်နိုင်ချေပိုများတယ်။ ရောဂါနဲ့ ကင်ဆာအဆင့်ကို […]