Open 9:00-12:00 AM
+95 92051590

Tag Archive : Mycobacterium marinum

Fish tank granuloma ငါးကန်အကျိတ်နာ Granuloma ဆိုတာ ရောင်ရမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိတ်ခဲတွေဖြစ်ပါတယ်။ငါးကန် အကျိတ်နာ (Fish Tank Granuloma) ဟာ Mycobacterium marinum ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် ဖြစ်ပွားတဲ့ အနာဖြစ်တယ်။ ရောဂါပိုးဝင်ရောက်ပြီး အရေပြားနဲ့ အောက်ခံတစ်ရှူးတွေဟာ နာတာရှည်ရောင်ရမ်းရာ (chronic skin and soft tissue infection) က အကျိတ်ခဲတွေဖြစ်လာတယ်။ ဒီဘက်တီးရီးယားဟာ ရေချိုနှင့် ရေငန်ထဲမှာ သဘာဝအတိုင်း ရှင်သန်နေထိုင်နိုင်ကြတယ်။ ဒါ့ကြောင့် ငါးကန်၊ ရေချိုးကန်တွေ သန့်ရှင်းရေးလုပ်တဲ့အခါ ပွန်းခြစ်ဒဏ်ရာကတဆင့် ရေထဲက ဘက်တီးရီးယားတွေ ဝင်ရောက်လာတယ်။ငါး၊ပုဇွန်၊ပင်လယ်စာတွေကို ကိုင်တွယ်တဲ့အခါလည်း ကူးစက်နိုင်တယ်။ ဒါပေမယ့် လူတစ်ဦးက တစ်ဦးကို ကူးစက်နိုင်ခြင်း မရှိပါဘူး။  ရောဂါလက္ခဏာရပ်များ ပိုးဝင်ရောက်ပြီး ၂ ပတ်မှ […]