Open 9:00-12:00 AM
+95 92051590

Tag Archive : low iron

Trichorrhexis nodosa ဆိုတာလက်နဲ့ထိတိုင်း ဆံပင်အတိုအပျက်တွေ ကျွတ်ထွက်လာတာဖြစ်ပါတယ်။ အမှန်တော့ ဆံပင်တည်ဆောက်ပုံ ပျက်စီးမှု (physical damage) ကြောင့် ဖြစ်တယ်။ ဆံပင်ချောင်းတလျှောက် ဆက်ကြောင်း(အဆစ်)တွေ အသီးသီးဖြစ်ပေါ်လာတာကြောင့် ဆံသားကျိုးပြတ်ပြီး ဆံပင်ကျွတ်လာတယ်။ နားလည်လွယ်အောင် ပြောရရင် ဆံပင်ရှည်တချောင်းတည်းဖြစ်ရမယ့်နေရာမှာ ဆံပင်တိုနှစ်ချောင်းတေ့ဆက် ဆက်ထားသလို ဆက်ကြောင်းတွေ ဖြစ်မယ်။ ဆက်ကြောင်းမှန်သမျှ အားနည်းတတ်တဲ့ သဘာဝကြောင့် ဆံပင်ကကျိုးပျက်လွယ်လာပါတယ်။ ဒီရောဂါဖြစ်တဲ့အခါ ဆံပင်ကဖွာပြီး အဖျားမှာ အဖြူရောင်ဖုလုံး (အဆစ် သို့ ဆက်ထုံး) တွေ တွေ့ရှိရတယ်။ လက္ခဏာက လက်နဲ့သပ်ရုံနဲ့ ဆံပင်အဖျားကနေ ဆံပင်တိုတွေကျွတ်လာတယ်။ ဆံပင် မသန်တော့ဘဲ ဆံပင်ပါးလာတယ်။ ထိပ်ဖျားမှာ ဆံသားနှစ်ခွဖြစ်လာတယ်။ များသောအားဖြင့် အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ တွေ့ရတယ်။ ဗီတာမင်နဲ့ သံဓာတ်အားနည်းတာ၊ သိုင်းရွိုက်ဟော်မုန်းချို့ရာကဖြစ်တတ်တယ်။ မျိုးဗီဇနဲ့ သက်ဆိုင်နိုင်တယ်။ […]