Leishmaniasis အသားစား သဲယင်ကောင်အနာ Leishmaniasis (သဲယင်ကောင်ရောဂါ)ဆိုတာက Leishmania ခေါ်တဲ့ ကပ်ပါးပိုးမွှားတစ်မျိုး ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါဖြစ်ပါတယ်။ ဒီကပ်ပါးပိုးဟာ သဲယင်ကောင် (Sand fly) ကိုက်ခြင်းကနေတစ်ဆင့် ကူးစက်ပါတယ်။ ဒါ့ကြောင့် သဲယင်ကောင်အနာလို့ ခေါ်ပါတယ်။ ဒီကူးစက်ရောဂါဟာ အရေပြား (skin)၊ ကိုယ်ခန္ဓာအမြှေးပါး (Mucous Membranes) နဲ့ ကိုယ်တွင်းအင်္ဂါ (Visceral Organs)တွေကို ထိခိုက်စေနိုင်တယ်။ ဒီရောဂါဟာ သဲယင်ကောင် (Sand fly) ကိုက်ခံရခြင်းကနေ တစ်ဆင့် ကူးစက်ပါတယ်။ ရောဂါပိုးရှိသူ (သို့) ရောဂါပိုးရှိတဲ့ တိရစ္ဆာန်ကို သဲယင်ကောင်က ကိုက်လိုက်တဲ့အခါ ကပ်ပါးပိုးဟာ သံယင်ကောင်ထဲ ရောက်သွားတယ်။ အဆိုပါ သဲယင်ကောင်က လူတစ်ယောက်ကို ထပ်မံကိုက်လိုက်တဲ့အခါ ကပ်ပါးပိုးဟာ လူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပါတယ်။ ဒီရောဂါဟာအပူချိန်မြင့်တဲ့ ဒေသတွေမှာ အတွေ့များပြီး […]

