Open 9:00-12:00 AM
+95 92051590

Tag Archive : Insect

29 Oct, 2021 | No Comments

Flea bites

Flea bite ခွေးသန်းကိုက်ခြင်း Flea(ခွေးသန်း) ဆိုတာ ခုန်ပျံကျော်လွှားပြီး သွေးစုပ်တတ်တဲ့ အင်းဆက်ပိုးကောင်တစ်မျိုးဖြစ်ပါတယ်။ တချို့က “လှေး”လို့ ဘာသာပြန်တယ်။ လူတွေရဲ့ ဆံပင်မှာ လှုပ်ရှားသွားလာတတ်တဲ့ ခပ်ညိုညို သွေးစုပ်ကောင်လေးတွေကို Lice (သန်း) ခေါ်ပြီး တိရိစ္ဆာန်ရဲ့ ခန္ဓာကိုယ်အမွှေးအမျှင်မှာနေထိုင်ရှင်သန်တဲ့ သွေးစုပ်ပိုးမွှားတွေကို Flea (လှေး) ခေါ်ပါတယ်။လှေးတွေဟာ အိမ်မွေးတိရစ္ဆာန်တွေ (ခွေး၊ ကြောင်) မှာ အဓိကနေထိုင်ကျက်စားပြီး လူကိုပါ ကိုက်လေ့ရှိပါတယ်။ ခွေးသန်း (Flea) ကိုက်ခံရတဲ့အခါ နီရဲသော အဖုသေးသေးလေးတွေ စတင်ဖြစ်ပေါ်လာတယ်။ အဖုအလယ်ဗဟိုမှာ သွေးခြည်ဥဆန်ဆန် အနီစက်ငယ်တွေ ပါရှိတတ်တယ်။ လှေးကိုက်တဲ့အနာတွေဟာ တစ်နေရာတည်းမှာ ၃-၄ ခု တန်းစီပြီး ပေါ်ပေါက်နေတတ်ပါတယ်။ ဒါကို “breakfast, lunch, and dinner” ပုံစံလို့ ခေါ်ကြပါတယ်။ […]

29 Oct, 2021 | No Comments

Head Lice

Head lice သန်းကိုက်ခြင်း သန်း(Head Lice)ဆိုတာ ခေါင်းကိုယားယံစေတဲ့ ကပ်ပါးပိုးမွှား (parasitic insect)တွေ ဖြစ်ပါတယ်။ ဆံပင်တွေကြားမှာ ကပ်ညှိနေထိုင်ပြီး ဦးရေပြားက သွေးကို စုပ်ယူပြီး အသက်ရှင်သန်ကြပါတယ်။ သန်းကောင်တွေဟာ နှမ်းစေ့အရွယ်အစား ခပ်လုံးလုံးအကောင်လေးတွေဖြစ်တယ်။ သန်းတွေဟာအတူနေသူကနေ ကူးစက်နိုင်တယ်။ အိပ်ရာခင်း၊ ခေါင်းအုံး စတာတွေကနေ ကူးစက်နိုင်ပါတယ်။ ကလေးသူငယ်တွေမှာ အဖြစ်များတယ်။ဆံပင်ရှည်သူ၊ ဆံပင်တိုသူ၊ ဆံပင်သန့်ရှင်းသူ မရွေး ကူးစက်နိုင်ပါတယ်။ သန်းကူးစက်ခံရတဲ့အခါ အဆင့်(၃)ဆင့် ရှိပါတယ်။ ၁။ သန်းဥ (Nits) သန်းဥတွေဟာ ဆံခြည်မျှင်ပေါ်ကပ်တွဲထားတဲ့ အဖြူရောင် (သို့) အညိုရောင် အစက်လေးတွေ ဖြစ်တယ်။ ဘီးစိတ်နဲ့ ခါချရင်တောင် ကပ်ကျန်နေတတ်ပြီး ခွာရခက်ပါတယ်။ သန်းဥကနေ ၇-၉ ရက်အတွင်း သန်းလောင်း (Nymph)အဖြစ် ပေါက်ဖွားလာပါတယ်။ ၂။ […]