Piebaldism အရေပြားအဆုပ်လိုက် ဖြူခြင်း
အဖြစ်များတဲ့ ခြေဖဝါးအရည်ကြည်ဖု ခြေဖဝါး၊လက်ဖဝါး အရည်ကြည်ဖုပေါက်တာ မကြာခဏဆိုသလို မြင်ဖူးကြလိမ့်မယ်။ Epidermolysis bullosa (EB) ဆိုတာ အပေါ်ယံအရေပြားထဲမှာ အရည်ကြည်ဖုပေါက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ Epidermolysis ဆိုတာ အပေါ်ယံအရေပြားဆဲလ်ပျက်စီးပြီး ဆဲလ်အတွင်းပိုင်းမှာ bullosa ခေါ်တဲ့ အရည်ကြည်ဖုထလာတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ရောဂါအပြင်း၊အပျော့နဲ့ အရည်ကြည်ဖုပေါက်တဲ့ အလွှာတွေပေါ်မူတည်ပြီး Epidermolysis bullosa Simplex (EBS)၊ Junctional EB (JEB) နဲ့ Dystrophic EB (DEB) ဆိုပြီး ထပ်ခွဲထားတယ်။ EBS က အပျော့စား အရည်ကြည်ဖုဖြစ်ပြီး အပေါ်ယံလွှာထဲမှာဖြစ်လို့ ကုရလွယ်တယ်။ Dystrophic EB (DEB) ကတော့ အရေပြားအောက်လွှာမှာဖြစ်လို့ အပြင်းစားအရည်ကြည်ဖုလို့ သတ်မှတ်နိုင်ပါတယ်။ ကုသပြီးရင်တော့ အမာရွတ်ထင်ကျန်နိုင်တယ်။ ပုံမှာပြထားတာက အဖြစ်များတဲ့ အပျော့စား […]



