Open 9:00-12:00 AM
+95 92051590

Tag Archive : Infestation

Cutaneous Larva Migrans အရေပြားအောက် သန်ချိတ်ကောင်ရွေ့လျားခြင်း Cutaneous Larva Migrans ဆိုတာ အရေပြားအောက် သန်ချိတ်ကောင်သွားလာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ အရေပြားယားနာ တစ်မျိုးဖြစ်ပါတယ်။ Cutaneous အရေပြားအောက်မှာ Larva သန်ချိတ်ကောင်ပေါက်စတွေဟာ Migrans ရွေ့လျားသွားလာနေတယ်လို့ အဓိပ္ပါယ်ရတယ်။ သန်ချိတ်ကောင်ကြောင့် အရေပြားမှာ တွန့်လိမ်နေတဲ့ အနီရောင်အစင်းကြောင်းတွေ ဖြစ်ပေါ်လာပြီး ယားယံလာတယ်။ သန်ကောင်က အမြဲရွေ့လျားနေလို့ ယားယံမှုဟာ အစဉ်ပြောင်းလဲနေပါတယ်။ခြေဖဝါး၊ ခြေထောက်၊ တင်ပဆုံ၊ ပေါင် စတဲ့ မြေကြီးနဲ့ တိုက်ရိုက်ထိတွေ့တတ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အဖြစ်များပါတယ်။ ခွေး၊ ကြောင်တို့ရဲ့ အူထဲမှာ သန်ချိတ်ကောင် (hookworm)တွေရှိနေတတ်တယ်။  ဒီသန်ချိတ်ကောင်ရဲ့ဥတွေဟာ တိရိစ္ဆာန်မစင်မှာ ပါဝင်လေ့ရှိပြီး စိုထိုင်းစများတဲ့ မြေကြီးပေါ်ရောက်တဲ့အခါ အကောင်ပေါက် (larvae)လေးတွေအဖြစ် ပြောင်းလဲသွားတယ်။ တိရိစ္ဆာန်မစင်နဲ့ ထိတွေ့မိတဲ့အခါ ဒီသန်ကောင်ပေါက်လေးတွေဟာ လူ့ခန္ဓာကိုယ်အရေပြားထဲ […]

29 Oct, 2021 | No Comments

Bedbugs

Begbugs ကြမ်းပိုးကိုက်ခြင်း ကြမ်းပိုးဆိုတာ သွေးစုပ်တဲ့ အင်းဆက်ပိုးမွှားတစ်မျိုး ဖြစ်ပါတယ်။ Cimex lectularius လို့ခေါ်ပါတယ်။ ကြမ်းပိုးဟာ လူနဲ့ သတ္တဝါတို့ရဲ့ သွေးကို စုပ်ယူပြီး အသက်ရှင်သန်ကြတယ်။ သူတို့ဟာ ညဘက်မှာ အစာရှာလေ့ရှိပြီး လူတွေ အိပ်ပျော်နေချိန်မှာ ကိုက်လေ့ရှိပါတယ်။ကြမ်းပိုးကောင်တွေဟာ မျက်စိနဲ့ မြင်နိုင်တယ်။ အရွယ်အစားအားဖြင့် နှမ်းစေ့ခန့်သာ ရှိတယ်။စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးစတဲ့ နေရာတွေမှာ သွားလာလှုပ်ရှားနေတတ်တဲ့ ပြားချပ်ချပ် ဘဲဥပုံ အကောင်နက်နက်လေးတွေဟာ ကြမ်းပိုးကောင်လေးတွေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အညိုရောင်ရှိတယ်။ သွေးစုပ်ပြီးရင် နီညိုရောင်အဖြစ် ပြောင်းလဲတတ်တယ်။ ကြမ်းပိုးတွေဟာအတောင်မပါကြဘူး။ ကြမ်းပိုးကိုက်ခံရတဲ့အခါ နီရဲတဲ့ အဖုသေးသေးလေးတွေ စတင်ပေါ်ပေါက်လာတယ်။ ယားယံမှု အလွန်ပြင်းထန်ပါတယ်။ အကိုက်ခံရတဲ့အနာတွေဟာ  အုပ်စုလိုက်ဖြစ်ပြီး ၃-၄ခု တန်းစီပြီး ပေါ်နေတတ်ပါတယ်။ ဒါကို “breakfast, lunch, and […]

29 Oct, 2021 | No Comments

Head Lice

Head lice သန်းကိုက်ခြင်း သန်း(Head Lice)ဆိုတာ ခေါင်းကိုယားယံစေတဲ့ ကပ်ပါးပိုးမွှား (parasitic insect)တွေ ဖြစ်ပါတယ်။ ဆံပင်တွေကြားမှာ ကပ်ညှိနေထိုင်ပြီး ဦးရေပြားက သွေးကို စုပ်ယူပြီး အသက်ရှင်သန်ကြပါတယ်။ သန်းကောင်တွေဟာ နှမ်းစေ့အရွယ်အစား ခပ်လုံးလုံးအကောင်လေးတွေဖြစ်တယ်။ သန်းတွေဟာအတူနေသူကနေ ကူးစက်နိုင်တယ်။ အိပ်ရာခင်း၊ ခေါင်းအုံး စတာတွေကနေ ကူးစက်နိုင်ပါတယ်။ ကလေးသူငယ်တွေမှာ အဖြစ်များတယ်။ဆံပင်ရှည်သူ၊ ဆံပင်တိုသူ၊ ဆံပင်သန့်ရှင်းသူ မရွေး ကူးစက်နိုင်ပါတယ်။ သန်းကူးစက်ခံရတဲ့အခါ အဆင့်(၃)ဆင့် ရှိပါတယ်။ ၁။ သန်းဥ (Nits) သန်းဥတွေဟာ ဆံခြည်မျှင်ပေါ်ကပ်တွဲထားတဲ့ အဖြူရောင် (သို့) အညိုရောင် အစက်လေးတွေ ဖြစ်တယ်။ ဘီးစိတ်နဲ့ ခါချရင်တောင် ကပ်ကျန်နေတတ်ပြီး ခွာရခက်ပါတယ်။ သန်းဥကနေ ၇-၉ ရက်အတွင်း သန်းလောင်း (Nymph)အဖြစ် ပေါက်ဖွားလာပါတယ်။ ၂။ […]