တင်းတိပ်ထွက်ခြင်း နောက်ကွယ် လူတစ်ယောက်ရဲ့ မျက်နှာအသားအရေဟာ ညီညာပြီး တစ်ရောင်တည်းဖြစ်နေတဲ့အခါ ပိုမိုသန့်စင်ပြီး ကြည်လင်တယ်လို့ ခံစားရတတ်ပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ မျက်နှာပေါ်မှာ အညိုရောင်အကွက်တွေ စတင်ပေါ်ပေါက်လာတဲ့အခါ လာပြီး တင်းတိပ်ထွက်လာပြီဆိုပြီး စိုးရိမ်လာတတ်ကြပါတယ်။ ဒီဆောင်းပါးမှာ တင်းတိပ်ထွက်ခြင်းအကြောင်းရင်းနဲ့ ဆောင်ရန်ရှောင်ရန်တွေ ဖော်ပြသွားမှာဖြစ်ပါတယ်။ တင်းတိပ်ကို ဆေးပညာအရ Melasma ခေါ်ပါတယ်။ တင်းတိပ်ဖြစ်လာတဲ့အခါ အရေပြားထဲမှာရှိတဲ့ melanocytes (အမည်းရောင်ခြယ်ဆဲလ်) တွေဟာ ပုံမှန်ထက် တက်ကြွလှုပ်ရှားလာပြီး melanin pigment (မယ်လနင် အမည်းရောင်မှုန်)တွေ အလွန်အကျွံ ထုတ်လုပ်လာပါတယ်။ Melanin ပိုများလာတာနဲ့အမျှ အရေပြားအရောင်ဟာ မညီမညာဖြစ်လာပြီး တင်းတိပ်အမည်းစက်တွေကို ဖြစ်ပေါ်စေတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က တင်းတိပ်ဟာ melanin ထုတ်လုပ်မှုများတာ တစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ပါဘူး။ နေရောင်ခြည်၊ ဟော်မုန်းအပြောင်းအလဲ၊ မျိုးရိုးဗီဇနဲ့ အသက်အရွယ် စတာတွေနဲ့ […]
Mixed melasma ပေါင်းစပ်တင်းတိပ် ထွက်ခြင်း


