Open 9:00-12:00 AM
+95 92051590

Tag Archive : immune hyperactivity

နို့ပွေး(infantile eczema)တွေဟာ မွေးကင်းစ တစ်လကနေ အသက် (၂)နှစ်အတွင်း အဖြစ်များတဲ့ အရေပြားရောဂါတစ်မျိုးဖြစ်ပါတယ်။ နို့ပွေးဖြစ်တဲ့ ကလေးငယ်ရဲ့ ပါးပြင်က ယားယံပြီးရဲနေတတ်တယ်။ နို့ပွေးဆိုပေမယ့် မိခင်နို့ကြောင့်ဖြစ်တာမဟုတ်သလို ပွေးပေါက်တာ(ringworm)လည်း မဟုတ်ပါဘူး။ ဓာတ်မတဲ့တဲ့ မျိုးဗီဇကြောင့်ဖြစ်ပေါ်လာတဲ့ နှင်းခူဆန်ဆန် အရေပြားရောဂါတမျိုးသာဖြစ်တယ်။  နို့ပွေးပေါက်တဲ့ကလေးငယ်ရဲ့ မိဘမျိုးရိုးထဲမှာ နှင်းခူ၊ပန်းနာရင်ကျပ်စတဲ့ ဓာတ်မတဲ့တဲ့ရောဂါအခံတစ်ခုခုရှိနေတတ်တယ်။ မျိုးဗီဇ (genetic)၊ ဆပ်ပြာ(ဓာတုပစ္စည်း)ထိတွေ့မှု၊ ပတ်ဝန်းကျင်ရှိ အမှုန်အမွှားဓာတ်မတဲ့မှုတွေက နို့ပွေးကိုဖြစ်စေတယ်။ အစားအသောက်ထဲမှာ နွားနို့၊ ကြက်ဥ စတာတွေကြောင့်လည်း ဖြစ်တတ်တယ်။ အရေပြားထိခိုက်စေတဲ့ ဓာတုပစ္စည်း (ဆပ်ပြာ၊ ပရုတ်လုံး၊ ရေမွေး)စတာတွေကြောင့်လည်း ဖြစ်နိုင်တယ်။ သိုးမွှေး နိုင်လွန်စတဲ့ အဝတ်အထည်တွေကြောင့်လည်းဖြစ်နိုင်တယ်။အကြမ်းဖျဉ်းပြောရရင် အရေပြားမှာ ဓာတ်မတည့်မှု (hypersensitivity) နဲ့ ခုခံအားတုံ့ပြန်မှု (immune system) ကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။  နို့ပွေးအများစုဟာ မွေးကင်းစကလေးငယ်ရဲ့ […]

Cutaneous sarcoidosis (အရေပြားသွေးဖြူဆဲလ် ခဲခြင်း)ဟာ sarcoidosis ရောဂါတွေထဲမှာ အတွေ့များတဲ့ ပုံစံတစ်ခုဖြစ်တယ်။ Sarcoidosis ဆိုတာ ရောင်ရမ်းမှုကိုဖြစ်စေတဲ့ ခုခံအားဆဲလ်တွေ စုပြုံရာက ဖြစ်တဲ့ sarcoidal granulomas အလုံးအကျိတ်ရောဂါတွေကို ခေါ်ပါတယ်။ sarcoidal ဆိုတာ ချီးစ်လို ပျော့ပြဲပြဲမနေဘဲ ခပ်မာမာအဖုအကျိတ်တွေကို ခေါ်ပါတယ်။ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာလည်း ပူးတွဲ တွေ့ရတတ်ပြီး ဒါကို systemic sarcoidosis ခေါ်ပါတယ်။ အရေပြားအတွင်းပိုင်းမှာဖြစ်ရင် cutaneous sarcoidosis, အဆုတ်မှာဖြစ်ရင် lung sarcoidosis စသည်ဖြင့် အမျိုးမျိုးခေါ်ကြတယ်။ ဒီဆောင်းပါးမှာ အရေပြားရောဂါဖြစ်တဲ့ cutaneous sarcoidosis အရေပြားအကျိတ်ကိုပဲ ဦးစားပေး ဖော်ပြပါမယ်။ ဘာ့ကြောင့်ဖြစ်လဲ ဒီအရေပြားရောဂါ ဘာ့ကြောင့်ဖြစ်မှန်း သေချာမသိရသေးဘူး။သို့သော် ခုခံအားဆဲလ်တွေ ပုံမှန်မဟုတ်ဘဲ တုံ့ပြန်ရာက အရေပြားအတွင်းပိုင်း အကျိတ်ဖြစ်ပေါ်လာတယ်လို့ […]