Open 9:00-12:00 AM
+95 92051590

Tag Archive : hyperpigmentation

13 Nov, 2021 | No Comments

KTP laser

KTP laser အစိမ်းရောင်လေဆာ KTP Laser ဆိုတာ Potassium Titanyl Phosphate သတ္တုပစ္စည်းကို အသုံးပြုတဲ့ လေဆာတစ်မျိုးဖြစ်ပါတယ်။ ဒီလေဆာဟာ အစိမ်းရောင်လှိုင်းအလျား 532 nm ကို ထုတ်လွှတ်ပြီး အရေပြားနဲ့ အလှအပရေးရာ ကုသမှုတွေမှာ အဓိကအသုံးပြုတယ်။ KTP Laser ကို သွေးကြောမျှင်ပြဿနာတွေမှာ အဓိကသုံးတယ်။ သွေးကြောမျှင်ပေါက်ခြင်း၊ နှာခေါင်းသွေးကြောမျှင်ပေါ်ခြင်းစတဲ့အခြေအနေတွေမှာ အဓိကသုံးတယ်။ ဒါ့ပြင် မှဲ့ခြောက်နဲ့ အသားရောင်မညီတဲ့ အရေပြားပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ အမွေးရိတ်ခြင်းကြောင့် ဖြစ်တဲ့ အနီစက် (Razor Bumps)နဲ့ လူကြီးမှဲ့ခြောက်(Seborrheic Keratosis)တွေ ကုသရာမှာ အသုံးပြုကြတယ်။ မျက်နှာအရေးအကြောင်းရှိတဲ့အခါ အရေပြားပြန်လည်ချောမွေ့အောင် ဒီလေဆာနဲ့ကုသနိုင်တယ်။ ဒါတင်မက အနီရောင်၊ လိမ္မော်ရောင် တက်တူးတွေ ဖျောက်ဖျက်တဲ့အခါ အသုံးဝင်တယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့ အနီစက်အမာရွတ်တွေ […]

31 Oct, 2021 | No Comments

Lentigo

Lentigo နေလောင်အမည်းကွက် Lentigo ဆိုတာ နေရောင်ခြည်နဲ့ ကြာရှည်စွာ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ အညိုရောင် အမည်းကွက်တွေ ဖြစ်ပါတယ်။ ပဲနီစေ့(lentil)ပုံစံ အရွယ်အစားရှိလို့ lentigo လို့ ခေါ်ပါတယ်။Lentigo အမျိုးအစားတွေထဲမှာ Solar Lentigo (နေလောင်အမည်းကွက်)၊ Simple Lentigo (သာမန်အမည်းကွက်) နဲ့ Ink Spot Lentigo (မှင်စက်အမည်းကွက်) ဆိုပြီးရှိတယ်။ Solar Lentigo ဟာ နေရောင်ကြောင့် အဓိကဖြစ်ပြီး အသက်ကြီးသူတွေမှာ အဓိကတွေ့ရတတ်တယ်။ Simple Lentigo (သာမန်အမည်းကွက်)ကတော့ နေရောင်ကြောင့် မဟုတ်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး နေရာမရွေး ပေါ်နိုင်တယ်။ ကလေးဘဝကတည်းက စပေါ်လာတတ်တယ်။Ink Spot Lentigo (မှင်စက်အမည်းကွက်)ဟာ အသားဖြူသူတွေမှာ ပိုတွေ့ရပြီး မှင်စက်ပြောက်တွေလို အမည်းရောင်အကွက်တွေဖြစ်တယ်။ Solar lentigo […]

29 Oct, 2021 | No Comments

Freckles

Freckles မှဲ့ခြောက်ထွက်ခြင်း Freckles (Ephelides) ဆိုတာ အရေပြားမှာ နေရောင်ထိတွေ့မှုကြောင့် ပေါ်ပေါက်လာတတ်တဲ့ သေးငယ်တဲ့ အညိုရောင်အစက်အပျောက်လေးတွေ ဖြစ်ပါတယ်။ မြန်မာလိုမှဲ့ခြောက်လို့ ခေါ်ပါတယ်။ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြား မယ်လနင်ဆဲလ် (melanocytes) ကို နှိုးဆွတဲ့အခါ  အမည်းရောင်ခြယ်ဓာတ်ပစ္စည်း (melanin)တွေ ထွက်ပေါ်လာပြီး မှဲ့ခြောက်ကို ဖြစ်ပေါ်စေတယ်။ လေ့လာမှုတွေအရ MC1R မျိုးဗီဇ ချို့ယွင်းတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဟော်မုန်းပြောင်းလဲလွယ်တဲ့ ကလေးငယ်နဲ့ အပျိုဖော်ဝင်စ မိန်းကလေးတွေမှာ တွေ့ရတတ်တယ်။ ကလေး ၁၀၀ ယောက်မှာ ၅ ယောက် နှုန်းဖြစ်ပွားတတ်ပါတယ်။ အထူးသဖြင့် အသားဖြူသူတွေ၊ မျက်လုံးအပြာရောင်ရှိသူ နဲ့ ဆံပင်နီသူတွေမှာ ပိုတွေ့ရတတ်ပါတယ်။ မှဲ့ခြောက်ရဲ့ လက္ခဏာတွေက သိသာတယ်။ မျက်နှာပေါ်မှာ ညိုဝါရောင် (သို့) အညိုရင့်ရောင်အစက်အပျောက်တွေ စတင်ဖြစ်ပေါ်လာတယ်။ ဒီအစက်တွေဟာ […]

Cutishine ရွှေရောင်မျက်နှာသစ်ဆေး ရွှေရောင်မျက်နှာသစ်ဆေးသည် ဆားဝက်ခြံများကို အလျင်အမြန် သက်သာပျောက်ကင်းစေပြီး မျက်နှာကိုကြည်လင်လာစေသည့် မျက်နှာသစ်ဆေးတစ်မျိုးဖြစ်သည်။ ထို့ပြင် သန့်စင်သော ရွှေမှုန်ကလေးတွေ ပါဝင်သည့်အတွက်အသားအရေလင်းလက် တောက်ပပြီး မျက်နှာကို သိသိသာသာ ဝင်းပလာစေပါတယ်။ ပါဝင်ပစ္စည်းများ – Glycolic Acid (2%), Salicylic Acid (0.5%), Liquorice Extract (1 %), Tea tree Oil (0.5%), Aloe Vera (2 %) ဘာတွေကောင်းလဲ Glycolic acid   မျက်နှာပေါ်ရှိ အရေပြားဆဲလ်သေများကို ကွာကျစေပြီး ဝက်ခြံ၊အမဲစက်၊အမာရွတ်များနှင့် အသားအရေမညီညာမှုများကိုပျောက်ကင်းစေပါသည်။ Salicylic acid  မျက်နှာတွင် ပိတ်ဆို့နေသော အဆီခဲလေးများကို ဖယ်ရှားပေးပြီး ချွေးပေါက်ကျဥ်းစေကာ ဝက်ခြံများကို သိသိသာသာသက်သာပျောက်ကင်းစေပါသည်။ Liquorice  နွယ်ချိုတွင်ပါဝင်သော အဆင့်မြင့် ဓာတ်ပေါင်းတစ်မျိုးဖြစ်သည့် liquiritin ဓာတ်သည် အသားမဲသည့် မယ်လနင်ဓာတ်ကိုဖယ်ရှားပေးနိုင်သောကြောင့် ၂ပတ်အတွင်း သိသိသာသာ အသားဖြူလာစေပါသည်။ Tea tree oil  ဝက်ခြံပိုးမွှားကြောင့် ဖြစ်ပေါ်လာသော ရောင်ရမ်းမှုကို ချက်ချင်းသက်သာစေပြီး ဝက်ခြံအဖုအပိန့်များကို လျော့ကျလာစေပါသည်။ Aloe vera  ရှားစောင်းလက်ပပ်တွင် သဘာဝအစိုဓာတ်ထိန်းသော အာနိသင်ရှိပြီး မျက်နှာအသားအရေကို နူးညံ့စိုပြေဝင်းမွတ်စေပါသည်။ ထို့ပြင် ဝက်ခြံအမာရွတ်များကိုလည်း လျော့ပါးသက်သာစေပါသည်။ D-panthenol – ဝက်ခြံကြောင့် မျက်နှာရဲခြင်းကို သိသိသာသာ သက်သာစေပြီး အရေးအကြောင်းများကိုပါ ပျောက်ကင်းစေနိုင်သည့် အာနိသင်ရှိသည်။ ​ အာနိသင်များ ဆားဝက်ခြံ၊အဆီဖုဝက်ခြံများကို ပျောက်ကင်းစေခြင်း  အဆီဂလင်းပိတ်ဆို့မှုကို ကာကွယ်ပြီး အဆီပြန်ခြင်း ကင်းစေခြင်း ဝက်ခြံကြောင့် ဖြစ်ပေါ်လာသော အမဲစက်များကို သက်သာစေခြင်း ဝက်ခြံပြန်ထွက်မလာအောင် ကာကွယ်ပေးနိုင်ခြင်း မျက်နှာအသားအရေကြည်လင်တောက်ပစေခြင်း ဆဲလ်သစ်ဖြစ်ပေါ်မှုကို အားပေးခြင်းကြောင့် အရေပြားမညီညာမှုများကို ပျောက်ကင်းစေကာဝက်ခြံကြောင့် ကျန်ခဲ့သောအမဲစက်၊အမာရွတ်များကိုပါ သက်သာပျောက်ကင်းစေသည်။ ရောင်ရမ်းမှုကို လျှော့ကျစေနိုင်သည့် aloe vera နှင့် tea tree oil ပါဝင်သည့်အတွက် ဝက်ခြံအဖုအပိန့်များအတွက်ပါ သုံးစွဲနိုင်ပါသည်။ မျက်နှာသစ်ဆေးသုံးနည်း Cutishine မျက်နှာသစ်ဆေး အနည်းငယ်ယူပြီး လက်ဖဝါးတွင်ထည့်ကာ မျက်နှာပေါ်သို့ စက်ဝိုင်းပုံ စက္ကန့် (၂၀)ကြာ ပွတ်လိမ်းပေးပါ။ ထို့နောက် ရေဖြင့် ဆေးချပါ။ မနက် တစ်ကြိမ်၊ ည တစ်ကြိမ် နေ့စဥ် ပုံမှန်သုံးစွဲခြင်းအားဖြင့် တစ်လအတွင်းဝက်ခြံပျောက်ကင်းကာ အသားအရေ ကြည်လင်ဝင်းပလာစေပါသည်။