Lipoma အဆီကျိတ် Lipoma ဆိုတာ အရေပြားအောက်မှာတွေ့ရတဲ့ အဆီကျိတ်ကို ခေါ်ပါတယ်။ ဒီအကျိတ်တွေဟာ ကင်ဆာကျိတ်မဟုတ်ဘဲ ရိုးရိုးသာမန်အကျိတ်တွေသာဖြစ်ပါတယ်။ အဆီကျိတ်အများစုဟာ အဆီလွှာထဲမှာ ဖြစ်ပေါ်လေ့ရှိပြီး လက်နဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာသာ အတွေ့ရများတယ်။lipoma အဆီကျိတ်တွေဟာ အဆီရှိတဲ့ ဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။ အရွယ်မရွေးဖြစ်နိုင်ပေမယ့် အသက် ၄၀-၆၀အတွင်း လူကြီးတွေမှာ အဖြစ်များတယ်။ ကမ္ဘာ့လူဦးရေရဲ့ (၁)ရာခိုင်နှုန်းမှာ အဆီကျိတ်ရှိတာ တွေ့ရတယ်။ ဘာ့ကြောင့် အဆီကျိတ်ဖြစ်လဲ ဘာ့ကြောင့်ဖြစ်မှန်းသေချာမသိရသေးပါဘူး။ သီအိုရီတစ်ခုက အဆီလွှာမှာ ဒဏ်ဖြစ်ပြီး cytokines ရောင်ရမ်းဓာတ်စုပုံရာကတဆင့် အဆီလွှာမှာ ဆဲလ်တွေကွဲပွားမှုကြောင့် အဆီကျိတ်ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဟော်မုန်းနဲ့လည်း သက်ဆိုင်တတ်ပါတယ်။ ဒါ့ပြင် မျိုးဗီဇရှိတာ၊ လှုပ်ရှားမှုနည်းတာ၊ နောက်ခံရောဂါတစ်မျိုးမျိုးရှိတာ (ဥပမာ Gardner syndrome, adiposis dolorosa, familial multiple lipomatosis, Madelung […]
မွေးကင်းစ ဝက်ခြံ(neonatal acne)ဆိုတာ မွေးကင်းစကလေးငယ်တွေရဲ့ မျက်နှာမှာ ဖြစ်ပေါ်လာတဲ့ ရဲနေတဲ့ ဝက်ခြံလေးတွေကို ခေါ်တယ်။ များသောအားဖြင့် pimples ပုံစံ ဝက်ခြံတွေ ပါး၊နဖူး၊မေးစေ့ စတဲ့နေရာမှာ ဖြစ်တယ်။ မွေးဖွားပြီး အသက် ၂ ပတ်အရွယ်ကနေ ၁ လအတွင်းဖြစ်လေ့ရှိတယ်။ မွေးကင်းစဝက်ခြံအများစုဟာ ရက်သတ္တပတ်အနည်းငယ်ပဲ ကြာတတ်ပြီး သူ့ဘာသာ ပြန်လည်ပျောက်ကင်းနိုင်တယ်။ Neonatal acne ကို acne neonatorum လည်း ခေါ်ကြတယ်။ မွေးဖွားပြီးစ ကလေးငယ်ရဲ့ ၅ပုံတစ်ပုံမှာ ပုံမှန်အတိုင်း တွေ့ရတတ်ပါတယ်။ မွေးဖွားပြီးနောက် ကလေးငယ်ရဲ့သွေးကြောမှာ ဆက်လက်လည်ပတ်နေဆဲ မိခင်ဟော်မုန်းက အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ယူဆကြတယ်။ ဒီဟော်မုန်းကြောင့် အဆီထွက်တာများလာပြီး မွှေးညင်းပါက်၊ ချွေးပေါက်ထဲမှာ အဆီပိတ်ဆို့လာရာက ဝက်ခြံအနီအစက်လေးတွေ ပေါ်ပေါက်လာတယ်။ မိခင်နို့နဲ့လည်း သက်ဆိုင်တတ်တယ်။ […]