Cutaneous Polyarteritis nodosa အရေပြားအောက် သွေးကြောရောင်ခြင်း
Acne fulminans (ပေါက်ပေါက်ဆုပ် ဝက်ခြံ)ဆိုတာ ဝက်ခြံအလုံးအကျိတ်နဲ့ ပြည်တည်နာတွေ ခန္ဓာကိုယ်အနှံ့ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာတဲ့ ဆိုးရွားတဲ့အရေပြားရောဂါ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အရေပြား ဝက်ခြံအကျိတ်တွေသာမက ဖျားနာတာ၊ အားအင်ကုန်ခန်းတာ၊ အရိုးတွေနာကျင်တာ၊ အဆစ်အမြစ်ကိုက်ခဲတာ စတဲ့ လက္ခဏာတွေနဲ့ တွဲဖြစ်လေ့ရှိတယ်။ ဝက်ခြံကုတဲ့ ပိုးသတ်ဆေးတွေနဲ့ မသက်သာတာ များတယ်။ ဝက်ခြံကုသဖို့သာမက ခန္ဓာကိုယ်ရောင်ရမ်းမှုကို လျှော့ချပေးဖို့လည်း လိုအပ်တယ်။ Acne fulminans ဟာ acne conglobata နဲ့ ဆင်တူတာကြောင့် မှားယွင်းတတ်ပါတယ်။ Acne fulminans က ဝက်ခြံပြည်ကျိတ်တွေ ခန္ဓာကိုယ်အနှံ့ ရုတ်တရက် ဖြစ်ပေါ်လာလေ့ရှိပါတယ်။ Acne conglobata မှာတော့ ဆိုးရွားလာတဲ့ ဝက်ခြံအလုံးကျိတ်တွေ၊ ပြည်တည်နာတွေ အရေပြားမှာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လေ့ရှိပြီး နောက်ဆက်တွဲ အမာရွတ်ကို […]
Staphylococcal Scaled Skin Syndrome အပေါ်ယံအရေပြားကွာကျခြင်း Staphylococcal Scaled Skin Syndrome (SSSS) ဆိုတာ ဘက်တီးရီးယားအဆိပ်တစ်မျိုး(Exfoliative Toxin)ကြောင့် အရေပြားမျက်နှာပြင်ဟာ အပူလောင်သလို ပျက်စီးပြီး ရုတ်တရက် ကွာကျတဲ့ရောဂါလက္ခဏာ ဖြစ်ပါတယ်။ Exfoliative Toxin ကို Staphylococcus aureus ဘက်တီးရီးယားပိုးက အဓိကထုတ်လုပ်ပေးတယ်။ အဆိုပါ အဆိပ်အတောက် ဟာ သွေးကြောထဲဝင်ရောက်ပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့သွားရင် အရေပြားဆဲလ်ချိပ်ဆက်မှု ယိုယွင်းပျက်ယွင်းစေပါတယ်။ ဒါကြောင့် အရေပြားအပေါ်လွှာဟာ ပျက်စီးပြီးကွာကျသွားရခြင်း ဖြစ်ပါတယ်။ ဒီအရေဟာ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။ နို့စို့ကလေးငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ခံအားနည်းသူ (ဥပမာ- ကျောက်ကပ်ရောဂါရှိသူတွေ) မှာ ပိုတွေ့ရတယ်။ ရောဂါလက္ခဏာတွေဟာ ၂၄-၄၈ နာရီအတွင်း ပေါ်လာပြီး ရုတ်တရက် အဆင့်ဆင့် ပြောင်းလဲလာပါတယ်။ […]




