Toxic epidermal necrolysis အရေပြားလွှာ အချပ်လိုက် ပုပ်ခြင်း
Heat rash (prickly heat) အပူမိတ်ထခြင်း မိတ်ထွက်တာကို heat rash လို့ ခေါ်ပါတယ်။ “prickly heat” ၊ “summer rash” ၊ “Sweat rash” စသည်ဖြင့် အမျိုးမျိုး သုံးကြတယ်။ ဆေးပညာမှာ miliaria လို့ သုံးနှုန်းတယ်။ ပူအိုက်တဲ့ရာသီ (အထူးသဖြင့် နွေရာသီ)မှာ ယားယံတဲ့ အနီစက်အဖုအပိန့်တွေထွက်ရင် မိတ်လို့ ယေဘုယျပြောနိုင်ပါတယ်။ မိတ်ထွက်တဲ့အခါ အနီစက်၊အနီဖုသေးသေးလေးတွေကနေ အနီကွက်ကြီးတွေ ထိဖြစ်လာနိုင်တယ်။ ဧရိယာကျယ်လာတာနဲ့အမျှ အရေပြားရောင်တာ၊ ရဲတာ၊ ယားတာ၊ ပူစက်ပူလောင်နေတာမျိုး ရှိတယ်။ ချွေးအောင်းပြီး အရည်ကြည်ဖုထတဲ့မိတ်လည်း ရှိပါတယ်။ ဘာ့ကြောင့်မိတ်ထွက်လဲ လူ့ခန္ဓာကိုယ်အရေပြားအောက်မှာ ချွေးဂလင်းတွေထောင်နဲ့ချီပြီး ရှိပါတယ်။ ပြင်ပအပူချိန်များတဲ့အခါ အရေပြားအေးမြသွားအောင် ချွေးထုတ်ပြွန်တွေက ချွေးထုတ်ပေးရတယ်။ ပူပြင်းတဲ့နွေရာသီမှာ ပုံမှန်ထက်ပိုပြီး […]
ဆေးကြောင့်ဖြစ်တဲ့ အရေပြားအမဲကွက်များ Fixed Drug Eruption (FDE) ဆိုတာ ဆေးဝါးတစ်မျိုးမျိုး (သို့) ဓာတ်ပစ္စည်းတစ်မျိုးမျိုးကြောင့် အရေပြားဓာတ်မတဲ့ရာက ဖြစ်ပေါ်လာတဲ့ အနီကွက်၊ အမဲကွက်၊ အရည်ကြည်ဖုထတဲ့ အကွက်တွေကို ခေါ်ပါတယ်။ များသောအားဖြင့် ဆေးခန်းရောက်လာတဲ့အခါမျိုးမှာ အမဲကွက် ပုံစံတွေအနေနဲ့ တွေ့ရတတ်တယ်။ FDE (ဆေးဝါးအမဲကွက်)တွေကို အသားမဲတဲ့သူတွေမှာ အဓိက တွေ့ရတယ်။ မြန်မာလူမျိုးတွေ မကြာခဏတွေ့ရတယ်။ စဖြစ်ခါစမှာ အနီရင့်ရောင်အကွက်မဲအဖြစ်တွေ့ရတယ်။ အမဲကွက်ရဲ့ အလယ်မှာ အရည်ကြည်ဖုရှိတတ်တယ်။ FDE အမဲကွက်ဟာ အဆင့် (၄) ဓာတ်မတဲ့ခြင်း (type IV hypersensitivity reaction) ကြောင့် အဓိကဖြစ်တယ်။ ဆေးတွေကြောင့် အရေပြားခုခံအားဆဲလ် (T cells) တွေက ဓာတ်တုံ့ပြန်မှုဖြစ်စေပြီး အရေပြားမှာ တိုက်ခိုက်ရာက အကွက်တွေ ဖြစ်လာတယ်။ […]




