Open 9:00-12:00 AM
+95 92051590

Tag Archive : entrapped keratin in hair follicles

13 Nov, 2021 | No Comments

Milia

မျက်ခမ်းအောက် အဆီဖုလေးများ မျက်ခမ်းအောက်က အဆီဖုကို millia လို့ခေါ်တယ်။ နောက်ထပ် milk spot(သို့) oil seed လို့လည်း ခေါ်ပါသေးတယ်။ပြည်ဖုလိုလို၊ အဆီဖုလိုလို အိတ်သေးသေးလေးတွေဟာ millia တွေ ဖြစ်ပါတယ်။ အရေပြားအောက်မှာ ကရာတင် အရေပြားပရိုတင်း (keratin)နဲ့ ဆဲလ်သေတွေ အထပ်ထပ်ပြည့်နှက်နေလို့ အိတ်လိုဖြစ်လာတယ်။ တနည်းအားဖြင့် မွှေးညှင်းအိတ်ရဲ့ အောက်ဆုံးအခြေပိတ်ဆို့သွားတာပါ။ ဒါ့ကြောင့် ကုရခက်တယ်။ မွေးကင်းစကလေးတွေရဲ့ နှာသီးဖျားနှစ်ဖက်မှာ တွေ့ရတတ်တဲ့ အဆီဖုသေးသေးလေးတွေဟာ millia ဖြစ်ပါတယ်။ ပုလဲလုံး သေးသေးလေးတွေလို တွေ့ရတယ်။ syringoma နဲ့လည်း မတူဘူး။ ဝက်ခြံနဲ့ မတူတာက ရောင်ရမ်းတာ၊ ပိုးဝင်တာမရှိဘူး။ အောက်လွှာမှာ ကရာတင်ပရိုတင်း အထပ်ထပ်ပိတ်နေတာဖြစ်လို့ ညှစ်ထုတ်ဖို့ ခက်တယ်။ Miliaဟာ ကိုလက်စတောများသူ၊ ထရိုင်ဂလစ်စရွက်များသူတွေမှာ ပိုတွေ့ရတယ်။ သီအိုရီအရ ပိုလျှံတဲ့အဆီတွေကို ခန္ဓာကိုယ်က ဗီတာမင်ဒီအဖြစ် ပြောင်းတယ်။ ဒါ့ကြောင့် Milia ရှိသူဟာ ကိုလက်စတောချဖို့ လိုအပ်ပါတယ်။ ဖြစ်စေနိုင်သည့်အကြောင်းရင်းများ -မျိုးရိုးလိုက်ခြင်း -အဆီများခြင်း -နေလောင်ခြင်း -ချွေးပေါက်ပိတ်စေတဲ့ skin careတွေကြောင့် ဖြစ်စေနိုင်တယ်။ miliaဆိုတာ စိတ်ဒုက္ခလည်း ပေး၊ကုသရလည်း ခက်တဲ့ အရေပြားရောဂါ မျိုးပါ။ကုသနိုင်တဲ့ နည်းလမ်းအသွယ်သွယ် ရှိပေမယ့် ဘေးထွက်ဆိုးကျိုးကို ပြန်ချိန်ရတယ်။ ခွဲစိတ်နည်း၊ အပေါ်ယံအရေပြားခွါနည်း၊ လိမ်းဆေး (သို့မဟုတ်) လေဆာ တမျိုးမျိုးနဲ့ ကုသနိုင်တယ်။ ဘယ်နည်းနဲ့ သင့်တော်မလဲ ကုသတဲ့ ဆရာဝန်က ဆုံးဖြတ်ချက် ပေးရတယ်။ အမည်းစက်ထင်ကျန်နိုင်တယ်။ ကုသနည်း လိမ်းဆေးထဲမှာ salicylic acid (သို့) glycolic acid သုံးနိုင်တယ်။ chemical […]