Begbugs ကြမ်းပိုးကိုက်ခြင်း ကြမ်းပိုးဆိုတာ သွေးစုပ်တဲ့ အင်းဆက်ပိုးမွှားတစ်မျိုး ဖြစ်ပါတယ်။ Cimex lectularius လို့ခေါ်ပါတယ်။ ကြမ်းပိုးဟာ လူနဲ့ သတ္တဝါတို့ရဲ့ သွေးကို စုပ်ယူပြီး အသက်ရှင်သန်ကြတယ်။ သူတို့ဟာ ညဘက်မှာ အစာရှာလေ့ရှိပြီး လူတွေ အိပ်ပျော်နေချိန်မှာ ကိုက်လေ့ရှိပါတယ်။ကြမ်းပိုးကောင်တွေဟာ မျက်စိနဲ့ မြင်နိုင်တယ်။ အရွယ်အစားအားဖြင့် နှမ်းစေ့ခန့်သာ ရှိတယ်။စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးစတဲ့ နေရာတွေမှာ သွားလာလှုပ်ရှားနေတတ်တဲ့ ပြားချပ်ချပ် ဘဲဥပုံ အကောင်နက်နက်လေးတွေဟာ ကြမ်းပိုးကောင်လေးတွေ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အညိုရောင်ရှိတယ်။ သွေးစုပ်ပြီးရင် နီညိုရောင်အဖြစ် ပြောင်းလဲတတ်တယ်။ ကြမ်းပိုးတွေဟာအတောင်မပါကြဘူး။ ကြမ်းပိုးကိုက်ခံရတဲ့အခါ နီရဲတဲ့ အဖုသေးသေးလေးတွေ စတင်ပေါ်ပေါက်လာတယ်။ ယားယံမှု အလွန်ပြင်းထန်ပါတယ်။ အကိုက်ခံရတဲ့အနာတွေဟာ အုပ်စုလိုက်ဖြစ်ပြီး ၃-၄ခု တန်းစီပြီး ပေါ်နေတတ်ပါတယ်။ ဒါကို “breakfast, lunch, and […]

