Asteatotic eczema ဆိုတာ အသားအရေခြောက်သွေ့ရာက ဖြစ်လာတဲ့ နှင်းခူအရေပြားရောဂါတစ်မျိုး ဖြစ်တယ်။ ရေဓာတ်ခမ်းခြောက်လို့ xerotic eczema လည်း ခေါ်တယ်။ အသားအရေပက်ကြားအက်နေလို့ eczema craquelé (ပြင်သစ်စကား)နဲ့ တင်စားပြီး ခေါ်ကြတယ်။ ဒီခြောက်သွေ့အရေပြားနှင်းခူကို ခြေထောက် ညို့သကျည်းတွေမှာ ထင်ထင်ရှားရှား မြင်တွေ့ရတယ်။ ခြောက်သွေ့အရေပြားနှင်းခူ (Asteatotic eczema)ဟာ အပေါ်ဆုံးအရေပြားလွှာ stratum corneum မှာ ရေဓာတ်ခမ်းခြောက်ရာက ဖြစ်ပေါ်လာပါတယ်။ ပတ်ဝန်းကျင် ရာသီဥတုပြောင်းလဲမှုနဲ့ အဓိက သက်ဆိုင်တယ်။ ဆောင်းရာသီမှာ အတွေ့များတယ်။ လေထုစိုထိိုင်းစနည်းပါးခြင်းက အရေပြားရဲ့ အစိုဓာတ်ကို ထိခိုက်စေလို့ အသားအရေခြောက်ကပ်ပြီး နှင်းခူယားနာကွက်တွေ ဖြစ်ပေါ်လာတယ်။ မျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်နိုင်တယ်။ သွပ်ဓာတ်နည်းတာ (zinc deficiency) နဲ့ ဖက်တီးအက်ဆစ်အဆီ( essential […]