Open 9:00-12:00 AM
+95 92051590

Tag Archive : dry necrosis

6 Nov, 2021 | No Comments

Eschar

Eschar အနက်ရောင် အနာဖတ် Eschar (အက်စ်ခါ) ဆိုတာ အရေပြားတစ်ရှူးသေဆုံးသွားပြီး ဖြစ်ပေါ်လာတဲ့ မာကျောခြောက်သွေ့တဲ့ အနက်ရောင်အပေါ်ယံအနာဖေးခွံ (scab) ကို ခေါ်ပါတယ်။ အများစုဟာ အရေပြားပိုးဝင်ပြီး(သို့)မီးလောင်ဒဏ်ရာဖြစ်ပြီး နောက်ပိုင်းပေါ်ပေါက်လာတတ်တယ်။ အရေပြားတစ်ရှူးပျက်စီးမှု (tissue necrosis)ကို ညွှန်ပြပြီး အရေပြားသွေးရပ်ဆိုင်းမှုကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ ဖြစ်ပွားတဲ့ နောက်ခံအကြောင်းရင်းပေါ်မူတည်ပြီး သေးငယ်တဲ့ အစက်အပြောက်က ဧရိယာကျယ်ကြီးအထိ ရှိနိုင်တယ်။ eschar အနာဖတ်တွေဟာ နာကျင်မှုမရှိဘဲ ဘေးသား အရေပြားကတော့ ရောင်ရမ်းနီမြန်းနေနိုင်တယ်။ ဖြစ်ပွားသည့် အဓိကအကြောင်းရင်းများ ၁။ ရောဂါပိုးကူးစက်ခြင်း (Infections) (က) Scrub Typhus Rickettsia အုပ်စုဝင် Orientia tsutsugamushi ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ရောဂါတမျိုးဖြစ်တယ်။ Chigger မွှားကောင်လေးတွေ ကိုက်ခံရတဲ့နေရာမှာ အက်စ်ခါအနာဖြစ်လေ့ရှိတယ်။Bush typhus လည်းခေါ်ကြတယ်။ ချုံနွယ်မြက်ပင်တွေမှာနေတဲ့ […]