Abscess ပြည်လုံးတည်ခြင်း Abscess (ပြည်တည်နာ) ဆိုတာ အရေပြားအောက်လွှာတစ်ရှူးတွေမှာ ပြည်တွေ စုအောင်းနေတဲ့အနာစိုတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ဘက်တီးရီးယားပိုးမွှားတွေ ဝင်ရောက်လာတဲ့အခါ ခုခံအားစနစ်က ပိုးမွှားကိူ တိုက်ထုတ်ရင်း ပြည်အဖြစ် စုမိသွားကြတယ်။ အမှန်တော့ ပြည်ဆိုတာ အရေပြားဆဲလ်သေ၊ ဘက်တီးရီးယားနဲ့ သွေးဖြူဥတွေ ရောနှေပေါင်းစပ်ထားတဲ့ ခပ်ပျစ်ပျစ်အရည်ဖြစ်တယ်။ ပုံမှန်အားဖြင့် ပြည်အများစုဟာ အဝါရောင် (သို့) အစိမ်းရောင်ရှိတယ်။ အများအားဖြင့် Staphylococcus aureus ဘက်တီးရီးယားပိုးကြောင့် ဖြစ်လာတယ်။ ဒီပိုးတွေဟာ အရေပြားအပေါ်ယံထိခိုက်ရှနာ (ဓားရှရာ၊ ဆူးစူးဒဏ်ရာ၊ မီးလောင်ဒဏ်ရာ) ကနေဖြစ်လာတယ်။ အဆိုပါပိုးတွေဟာ ခန္ဓာကိုယ်မွေးညှင်းအိတ် (hair follicles)က တဆင့် အရေပြားအောက်ခြေထိ ဝင်ရောက်လာပြီး ပြည်တည်နာကို ဖြစ်ပေါ်စေပါတယ်။ တခါတရံမှာ ခန္ဓာကိုယ်အတွင်းပိုင်း (အသည်း၊ ဦးနှောက်) တွေမှာလည်း ပြည်တည်နာ ဖြစ်စေနိုင်တယ်။ […]
Cutaneous myiasis အသားစားလောက်ကောင် အနာ Cutaneous Myiasis (လောက်ကောင် အနာ)ဆိုတာ ဖြုတ်ယင်ကောင်က တဆင့် ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ လူ့အရေပြားတွင်း ဥဥခြင်း (သို့မဟုတ်) ဥကတဆင့် ပေါက်ဖွားလာတဲ့ ပိုးလောက်ကောင်များ (larvae/maggots) အရေပြားတွင်း ဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာစေတယ်။ ဒီလောက်ကောင်လေးတွေဟာ အရေပြားအောက် နေထိုင်ကျက်စားပြီး လူ့တစ်ရှူးတွေကို စားသောက်ရင်း ကြီးထွားလာကြတယ်။ ရောဂါဖြစ်ပွားပုံ ယင်ကြီးမျိုးနွယ်ဝင် ယင်ကောင် (Botfly, Warble fly, Tumbu fly) နဲ့ အသေကောင်စား ယင်ကောင် (Flesh flies)တွေကနေ ကူးစက်တယ်။ ယင်ကောင်ကြီးက အရေပြားအနာ၊အပေါက်တွေထဲ တိုက်ရိုက်လာဥဥခြင်း (direct contact)ကြောင့် ကူးစက်နိုင်တယ်။ ယင်ကောင်ဥတွယ်ကပ်နေတဲ့ ခြင်၊ မှတ် ပိုးမွှားတွေ ကိုက်ခံရခြင်းကြောင့် ဥကအရေပြားတွင်းဝင်ရောက်ပြီး သွယ်ဝိုက်ကူးစက်နိုင်တယ်။ […]


