Ecthyma အနာဖေးခွက် Ecthyma ဆိုတာ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့် အရေပြားအောက်လွှာ(Dermis)ထိ ကူးစက်ပြီး ပြည်တည်နာ (Pustules) နဲ့ အနာစေးဖတ်(Ulcer with Crust) တွေ ဖြစ်ပေါ်လာတဲ့ အနာရောဂါ ဖြစ်ပါတယ်။ Deep impetigo လည်းခေါ်ကြတယ်။ အဖြစ်အများဆုံး ဘက်တီးရီးယားပိုးက Group A Beta-Hemolytic Streptococcus (Streptococcus pyogenes) ဖြစ်ပါတယ်။ တခါတရံ Staphylococcus aureus တွဲဖက်ဖြစ်စေနိုင်တယ်။ Impetigo (အရေပြားပေါ်ယံပိုးဝင်ခြင်း)၊ Varicella (ကျောက်မီးဖွား)၊ Scabies (ယားနာ) တို့မှ တဆင့် နောက်ဆက်တွဲပိုးဝင်တဲအခါ တွေ့ရတတ်တယ်။ Ecthyma ဟာ Impetigo နဲ့မတူဘဲ အောက်လွှာထိ နက်ရှိုင်းစွာ ကူးစက်တတ်ပါတယ်။ အနာကျက်ပြီး အမာရွတ် (Scar) ကျန်ရစ်တတ်ပါတယ်။ ခြစ်ရှရာဒဏ်ရာငယ်များ: အင်းဆက်ကိုက်ခြင်း၊ […]

