Chilblain ဆောင်းကိုက်နာ Chilblain (Pernio) ဆိုတာ အအေးဒဏ်ကြောင့် သွေးကြောငယ်လေးတွေ ရောင်ရမ်းပြီး ခြေချောင်း၊ လက်ချောင်းထိပ်တွေ နီရဲယားယံတဲ့ အရေပြားပြဿနာ တစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ကူးစက်တတ်တဲ့ ရောဂါ မဟုတ်ဘဲ ဆောင်းတွင်း အအေးဓာတ်လွန်ကဲတဲ့ကာလတွေမှာ အဖြစ်များလေ့ရှိပါတယ်။ သွေးကြောတွေ ရုတ်တရက်ကြုံ့သွားရာက ဖြစ်တဲ့အရေပြားလက္ခဏာတစ်ခုဖြစ်တယ်။ ဆောင်းကိုက်နာဟာ ဆောင်းတွင်းအအေးဓာတ်ကြောင့် သွေးလှည့်ပတ်မှု အားမကောင်းတဲ့အခါ အဖြစ်များတယ်။ ပြင်းထန်တဲ့ အအေးဒဏ်သက်ရောက်ခြင်းကြောင့် လက်၊ခြေချောင်းမှာရှိတဲ့ သွေးကြောငယ်တွေ ရုတ်တရက်ကျဉ်းမြောင်းပြီး သွေးစီးဆင်းမှု နည်းသွားတဲ့အခါ ဆဲလ်တွေ အောက်ဆီဂျင်ပြတ်တောက်ပြီး ရောင်ရမ်းမှုနဲ့ နာကျင်မှုကို တပြိုင်နက်ဖြစ်ပေါ်လာစေတယ်။ ဒီလက္ခဏာတွေဟာ သွေးလှည့်ပတ်မှု အားနည်းတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်တယ်။ဆောင်းရာသီမှာ အဖြစ်များတယ်။ ကိုယ်ခံအားစနစ် ပြဿနာတွေကြောင့်လည်းဖြစ်နိုင်တယ်။ ဆောင်းကိုက်နာဟာ ခြေချောင်း၊ လက်ချောင်း၊ နားရွက်၊ နှာခေါင်း၊ ခြေဖနောင့်စတဲ့နေရာတွေမှာ အဖြစ်များတယ်။အဆိုပါနေရာတွေမှာ […]
Henoch-Schönlein Purpura (HSP) ခုခံအား သွေးခြေဥရောဂါ Henoch-Schönlein Purpura (HSP) ဆိုတာ သွေးကြောငယ်လေးတွေ ရောင်ရမ်းတဲ့ ရောဂါ (Vasculitis) တစ်မျိုးဖြစ်ပါတယ်။ ဒီရောင်ရမ်းမှုကြောင့် သွေးကြောငယ်လေးတွေ ပျက်စီးသွားတဲ့အခါ အရေပြားအောက်သွေးယိုစိမ့်မှုဖြစ်ပြီး အနီစက်တွေ စတင်ဖြစ်ပေါ်လာပါတယ်။အထူးသဖြင့် Purpura လို့ခေါ်တဲ့ အနီရောင်၊ခရမ်းရောင် အကွက်တွေ အရေပြားမှာ ရုတ်တရက် ထွက်လာပါတယ်။ ဒီအကွက်တွေကို ဖိနှိပ်လိုက်ရင် မပျောက်ဘဲ ကျန်နေတတ်ပါတယ်။ HSP ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရပေမယ့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က မိမိကိုယ်ကိုယ် ပြန်တိုက်ခိုက်တဲ့ရောဂါ (Autoimmune reaction) အဖြစ် လက်ခံယူဆကြတယ်။ ကူးစက်ရောဂါ (အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးများ၊ Strep throat လို လည်ချောင်းနာဘက်တီးရီးယားပိုး)တွေနဲ့ ဆက်စပ်နိုင်တယ်။ ဆေးဝါးတွေနဲ့လည်း သက်ဆိုင်တယ်လို့ ခန့်မှန်းကြတယ်။ […]


