Lichen Amyloidosis (အမိုင်းလွိုက် အဖုအပိန့်ထွက်ခြင်း)ဆိုတာ အရေပြားအောက် အမိုင်းလွိုက်ဓာတ် စုပုံခြင်းကြောင့် ဖြစ်လာတဲ့ အဖုအပိန့်မျိုးကို ခေါ်တာဖြစ်တယ်။ အရေပြားလွှာအတွင်းပိုင်း ပြောင်းလဲမှုဖြစ်လို့ Cutaneous Amyloidosis လို့လည်း ခေါ်ကြတယ်။ localized နေရာတစ်ခုထဲ ကွက်ဖြစ်လို့ localized amyloidosis လို့လည်း ဆေးပညာမှာ သုံးနှုန်းကြတယ်။ ခြေလက်တွေမှာ အဖြစ်များပြီး အလွန်ယားယံတတ်ပါတယ်။ ကုတ်ဖဲ့တာကြာလာတာနဲ့အမျှ ဖြစ်တဲ့နေရာအရေပြားအရောင်ပြောင်းလဲလာပါတယ်။ ဘာ့ကြောင့်ဖြစ်လဲ ကုတ်ခြစ်ထားတဲ့နေရာတွေမှာ ပွတ်တိုက်မှုကြောင့်အရေပြားအတွင်းပိုင်း ပုံစံပြောင်းပြီး မူမမှန်တဲ့ amyloid ပရိုတင်းတွေ စုပုံလာတယ်။ ခြေ၊လက်မောင်း၊ ကျောပြင်စတဲ့ နေရာတွေမှာ အဖြစ်များပြီး ညို့သကျီး နေရာတွေက အဖြစ်များဆုံးဖြစ်တယ်။ အဖုတွေက စမ်းသပ်ကြည့်ရင် မာမာခဲခဲဖြစ်နေတတ်ပါတယ်။ အလွန်ယားယံတာကြောင့် မကြာခဏ ကုတ်ဖဲ့ရတယ်။ ကုတ်တာ ကြာလာတဲ့အခါ အရေပြားထူထပ်လာပြီး အဖုအပိန့်တွေက အညိုရောင်အဖြစ် […]
လူကြီးမှဲ့ခြောက် (Dermatosis papulosa nigra)ဆိုတာ မျက်နှာမှာတွေ့ရတဲ့ အသားပိုဆန်ဆန်မှဲ့ခြောက်တွေဖြစ်ပြီး Seborrheic keratosis အမျိုးအစားထဲမှာ ပါတယ်။ ရိုးရိုးမှဲ့ခြောက် (freckle)နဲ့ မတူပါဘူး။ လူကြီးမှဲ့ခြောက်ဖြစ်တဲ့အခါ ကရာတင်ဆဲလ်သေတွေဟာ အပေါ်ယံအရေပြားမှာ ပုံမှန်မဟုတ်ဘဲ စုပုံလာပြီး ဖယောင်းချပ်ပုံစံအသားပိုတွေ စတင်ထွက်လာတယ်။ အပေါ်ယံအရေပြား အောက်ဆုံးလွှာ (basal layer)ကနေ အမဲရောင်ခြယ်ထုတ်လုပ်မှု လွန်ကဲလာခြင်းကြောင့် အရောင်ပြောင်းပြီး အမဲရောင်အသားပိုတွေ မျက်နှာမှာ ပေါ်ပေါက်လာတယ်။ ဒါကို လူကြီးမှဲ့ခြောက် ခေါ်ပါတယ်။ လူကြီးမှဲ့ခြောက်ဟာ အသက်ကြီးရင့်သူတွေ အဖြစ်များတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေထက် အသက်ငါးဆယ်ကျော် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အဝလွန်သူ၊ ဆီးချိုသမားတွေမှာ ပိုပြီးတွေ့ရတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တတ်တယ်။ အသားမည်းသူတွေမှာ ပိုအဖြစ်များတယ်။ အထူးသဖြင့် melanin ထွက်နှုန်းများတဲ့အသားအရေအမျိုးအစား (Fitzpatrick skin phototype 4, […]
Lupus pernio ခရမ်းရောင်ကျိတ်ဖုလေးများ Sarcoidosis ရောဂါဟာ အသက်ရှူလမ်းကြောင်း၊ အဆုတ်နဲ့ ပြန်ရည်ကျိတ်တွေအပါအဝင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေမှာ အလုံးအကျိတ်ငယ်လေးတွေ (Granulomas) ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။ Lupus Pernio ဟာ နာတာရှည် ရောဂါဖြစ်တဲ့ Sarcoidosis ရဲ့ အရေပြားလက္ခဏာတစ်ခု ဖြစ်ပါတယ်။ အသက် ၂၀-၄၀ကြား အမျိုးသမီးတွေမှာ တွေ့ရတတ်တယ်။ · “Lupus” ဆိုတာ ဝံပုလွေကုတ်နာနဲ့ ဆင်တူတဲ့ အရေပြားရောဂါတွေကို ဆိုလိုတယ်။ “Pernio” ကတော့ ချမ်းအေးလွန်းတဲ့အခါ အရေပြားအရောင်ပြောင်းလဲတဲ့ “ချမ်းကိုက်ဒဏ်ရာ” (chilblains) ရဲ့ ပုံစံနဲ့ ဆင်တူလို့ဖြစ်ပါတယ်။ granuloma တွေဟာ နာတာရှည်ရောင်ရမ်းခြင်းရဲ့ နောက်ဆက်တွဲဖြစ်တဲ့ macrophages (သန့်ရှင်းရေးဆဲလ်) နဲ့ lymphocytes သွေးဖြူဆဲလ်တွေ စုပေါင်းထားတဲ့ အစိုင်အခဲကျိတ်တွေဖြစ်ပါတယ်။ Lupus Pernio […]
Hidrocystoma မျက်ခွံချွေးအိတ်ဖု




