အဆီဖုဝက်ခြံ (Whiteheads) ဆိုတာ အရေပြားအောက်မှာ အဆီဂလင်းပိတ်ဆို့ရာက ဖြစ်ပေါ်လာတဲ့ အဆီဖုလေးတွေကို ခေါ်ပါတယ်။ များသောအားဖြင့် မွှေးညှင်းပေါက်ရှိတဲ့နေရာတွေဟာ အဆီအိတ်(sebaceous gland)နဲ့ ဆက်သွယ်နေတာကြောင့် မွှေးညှင်းပေါက်ပိတ်ဆို့ရာက အဆီဖုဝက်ခြံဖြစ်ပေါ်လာပါတယ်။ ပုံမှန်အားဖြင့် အဆီဂလင်းက မျက်နှာအစိုဓာတ်ထိန်းဖို့ အဆီရည်ကြည် (sebum)ကို ထုတ်ပေးပါတယ်။ အဆီရည်ကြည် (sebum)က အရေပြားမျက်နှာပြင်သို့ မရောက်ရှိနိုင်ဘဲ ကပ်နေသောအခါမျိုးမှာ မွှေးညှင်းပေါက်ပိတ်ဆို့လာနိုင်ပါတယ်။ ပိတ်ဆို့နေတဲ့နေရာမှာ sebumတွေ တဖြည်းဖြည်းပိုမိုများပြားလာတာနဲ့အမျှ အဆီဖုဝက်ခြံတွေ ပိုထွက်လာပါတယ်။ Comedones ဝက်ခြံဆိုတာ ဝက်ခြံပုံစံအမျိုးမျိုးရှိပါတယ်။ အဆီဖုဝက်ခြံက comedones အမျိုးအစားထဲမှာပါတယ်။ comedones ဆိုတာ ဝက်ခြံတွေထဲမှာ ပထမအဆင့် မွှေးညှင်းပေါက်ပိတ်ဆို့တဲ့ ပထမအဆင့် ဝက်ခြံကို ခေါ်တယ်။ ပိုးဝင်တဲ့အဆင့်မဟုတ်သေးဘူး။ အဆီဖုဝက်ခြံကို closed comedones လို့လည်း ခေါ်ပါတယ်။ အဆီဖုဝက်ခြံတွေဟာ နဖူး၊ မေးစေ့၊ […]