Chromoblastomycosis ကြွက်နို့မှိုစွဲနာ Chromoblastomycosis ဆိုတာက မှိုမည်း (Dematiaceous fungi) လို့ခေါ်တဲ့ အညိုရောင်၊ အမည်းရောင် မှိုမျိုးစိတ်ကြောင့်ဖြစ်တဲ့ နာတာရှည် ကူးစက်ရောဂါ တစ်မျိုးဖြစ်ပါတယ်။ မှိုမည်းကြောင့် အရေပြားနှင့် အောက်ခံတစ်ရှူးတွေ ထိခိုက်ပြီး ကြွက်နို့ဆန်ဆန် အနာတွေ ဖြစ်ပေါ်လာစေတယ်။ ရောဂါရဲ့ အထူးခြားဆုံး အမှတ်အသားက အနာထဲမှာ အညိုရောင် သံချေးစေ့သဏ္ဌာန် ဆဲလ်များ (sclerotic bodies or copper pennies) တွေ့ရှိရခြင်း ပဲဖြစ်ပါတယ်။ အမည်းရောင်မှိုအုပ်စုဝင် Fonsecaea pedrosoi, Cladophialophora carrionii, Phialophora verrucosa မှိုမျိုးစိတ်ကြောင့် အဓိကဖြစ်တယ်။ အရေပြားကို ဆူးစူးခြင်း၊ သစ်သားချောင်းစူးခြင်း၊ ထိခိုက်ရှနာရခြင်း စတဲ့ ဒဏ်ရာကလေးတွေကနေတစ်ဆင့် မှိုဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပါတယ်။ လယ်သမား၊ ဥယျာဉ်မှူး၊ […]

