Open 9:00-12:00 AM
+95 92051590

Tag Archive : cheeks

Hori’s nevus ကုရခက်တဲ့ ပါးပြင်အမဲစက် Hori’s Nevus (ဟိုရီ မှဲ့ခြောက်)ဆိုတာ မိန်းကလေးတွေ ပါးပြင်နှစ်ဖက်မှာတွေ့ရတဲ့ မီးခိုးရောင်၊အပြာရောင် (သို့) အမည်းရောင် တင်းတိပ်ဆန်ဆန် အကွက်တွေဖြစ်ပါတယ်။ တင်းတိပ်နဲ့ မှားယွင်းတတ်တယ်။ Deep Dermal Melanocytosis အရေပြားအောက်ပိုင်းလွှာမှာ စုပုံပြီးဖြစ်တဲ့ အမည်းကွက်တွေဖြစ်လို့ ကုရခက်တယ်။ စိတ်ရှည်ရတယ်။ ဒီတင်းတိပ်ဆန်ဆန် အမည်းကွက်တွေဟာ အပျိုဖော်ဝင်စ အသက် ၂၀ နောက်ပိုင်းတွေမှာ အဖြစ်များတယ်။ အမျိုးသမီးတွေမှာ အဓိကတွေ့ရပြီး အသက် ၃၀-၄၀ ပတ်ဝန်းကျင်မှာ စတင်ပေါ်ပေါက်လာတတ်တယ်။  Hori’s Nevus ရဲ့ လက္ခဏာတွေဟာ သိသာပါတယ်။ ပါးပြင်ပေါ်မှာ အပြာရောင်၊ မီးခိုးပြာရောင်၊ အညိုရောင်အစက်အပြောက်ငယ်လေးတွေ ဖြစ်ခာပါတယ်။  အမည်းစက်ဟာ တစ်စက်တည်းထက် အစက်ပေါင်းများစွာ အုပ်စုလိုက်ပေါ်တတ်ပါတယ်။ နားထင်နဲ့ ပါးပြင်ပေါ်မှာ  အဓိကပေါ်လာတတ်တယ်။ တစ်ခါတစ်ရံ […]

လူကြီးမှဲ့ခြောက် (Dermatosis papulosa nigra)ဆိုတာ မျက်နှာမှာတွေ့ရတဲ့ အသားပိုဆန်ဆန်မှဲ့ခြောက်တွေဖြစ်ပြီး Seborrheic keratosis အမျိုးအစားထဲမှာ ပါတယ်။ ရိုးရိုးမှဲ့ခြောက် (freckle)နဲ့ မတူပါဘူး။ လူကြီးမှဲ့ခြောက်ဖြစ်တဲ့အခါ ကရာတင်ဆဲလ်သေတွေဟာ အပေါ်ယံအရေပြားမှာ ပုံမှန်မဟုတ်ဘဲ စုပုံလာပြီး ဖယောင်းချပ်ပုံစံအသားပိုတွေ စတင်ထွက်လာတယ်။ အပေါ်ယံအရေပြား အောက်ဆုံးလွှာ (basal layer)ကနေ အမဲရောင်ခြယ်ထုတ်လုပ်မှု လွန်ကဲလာခြင်းကြောင့် အရောင်ပြောင်းပြီး အမဲရောင်အသားပိုတွေ မျက်နှာမှာ ပေါ်ပေါက်လာတယ်။ ဒါကို လူကြီးမှဲ့ခြောက် ခေါ်ပါတယ်။ လူကြီးမှဲ့ခြောက်ဟာ အသက်ကြီးရင့်သူတွေ အဖြစ်များတယ်။ လေ့လာမှုတွေအရ အမျိုးသားတွေထက် အသက်ငါးဆယ်ကျော် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အဝလွန်သူ၊ ဆီးချိုသမားတွေမှာ ပိုပြီးတွေ့ရတယ်။ မျိုးရိုးနဲ့ သက်ဆိုင်တတ်တယ်။ အသားမည်းသူတွေမှာ ပိုအဖြစ်များတယ်။ အထူးသဖြင့် melanin ထွက်နှုန်းများတဲ့အသားအရေအမျိုးအစား (Fitzpatrick skin phototype 4, […]

ကလေးငယ် ဝက်ခြံ (infantile acne)ဆိုတာ အသက် (၁)နှစ်အောက် ကလေးငယ်တွေမှာ တွေ့ရတဲ့ ဝက်ခြံတွေကို ခေါ်ပါတယ်။ ယောကျာ်းလေးတွေမှာ အတွေ့များပြီး အသက်(၂)နှစ်အရွယ်ထိ ဖြစ်နေတတ်တယ်။ infantile acneဟာ ဆားဝက်ခြံ၊ အဆီဖုဝက်ခြံ၊ ရောင်ရမ်းနာဝက်ခြံစသည်ဖြင့် ပုံစံအမျိုးမျိုးဖြစ်နိုင်တယ်။ နဖူး၊ပါးပြင်၊မေးစေ့ စတဲ့နေရာတွေဟာ ကလေးငယ်တွေမှာ အဖြစ်များတဲ့နေရာတွေ ဖြစ်တယ်။ infantile acne တွေဟာ ကလေးငယ်မှာ testosterone ဟော်မုန်းယာယီ မြင့်တက်ခြင်းနဲ့ အဓိကသက်ဆိုင်တယ်။ ဟော်မုန်းကြောင့် အဆီဂလင်းထုတ်လုပ်မှုများပြီး ချွေးပေါက်ပိတ်ဆို့ရာက ဒီလိုဝက်ခြံတွေ စတင်ဖြစ်ပေါ်လာတယ်။ ငယ်စဉ်ကလေးငယ်ဘဝက infantile acne ဝက်ခြံထွက်တတ်သူဟာ အရွယ်ရောက်တဲ့အခါ ဝက်ခြံထွက်ဖို့ အခွင့်အလန်းပိုများပါတယ်။ ကံကောင်းတာက infantile acne(ကလေးငယ်ဝက်ခြံ)က အဖြစ်နည်းပြီး neonatal acne (မွေးကင်းစဝက်ခြံ)တွေကတော့ ပိုအတွေ့များတယ်။ infantile acne […]