Trichoblastoma (အောက်လွှာမွေးညင်းကျိတ်)ဆိုတာ မွေးညင်းပေါက်ဆဲလ်တွေကဖြစ်လာတဲ့ အကျိတ်လေးတွေကို ခေါ်ပါတယ်။ trichoepithelioma ခေါ်တဲ့ အပေါ်ယံလွှာ မွေးညင်းကျိတ်နဲ့ ပုံစံတူတယ်။ trichoblastomas ဟာ အရေပြားအောက်လွှာ (dermis)ထဲမှာ အဓိက တွေ့ရပြီး trichoepitheliomas ကတော့ အရေပြားအပေါ်လွှာ (epidermis)မှာ ဖြစ်တာ တွေ့ရတယ်။ Trichoblastoma ကို မျက်နှာနဲ့ ဦးရေပြားတွေမှာ အသားရောင်၊ အညိုရောင် ခပ်မာမာ ခပ်ခဲခဲအဖုလုံးတွေအဖြစ် တွေ့ရတယ်။ နှာခေါင်းနဲ့ မျက်လုံးဘေးတွေမှာလဲ တွေ့ရတတ်တယ်။ အရွယ်အစားအားဖြင့် ၁-၂စင်တီမီတာလောက်သာ ရှိတယ်။ ယေဘုယျအားဖြင့်အသက်၄၀-၅၀တန်းတွေမှာ အဓိကတွေ့ရတယ်။ Trichoblastomas တွေဟာ basal cell carcinoma (အောက်လွှာအရေပြားကင်ဆာ)နဲ့ ပူးတွဲတွေ့ရတတ်သလို sebaceous nevus ခေါ်တဲ့ မွေးရာပါအဆီကျိတ်မှဲ့တွေထဲမှာ တွေ့ရတတ်တယ်။ ကံဆိုးတဲ့ လူနာတချို့မှာ ပျံ့နှံ့လွယ်တဲ့ trichoblastic […]
Solar elastosis နေလောင်ဒဏ် အသားထူခြင်း
Sebaceous hyperplasia ဆိုတာ အရေပြားအောက်လွှာ အဆီပေါက်တွေကျယ်ရာက ဖြစ်လာတဲ့ အဝါရောင်အဆီအိတ်လေးတွေ ဖြစ်ပါတယ်။ ဝက်ခြံအဆီဖုနဲ့ ကွဲပြားတာက အလယ်မှာရှိတဲ့မွေးညင်းပေါက်က ချိုင့်ဝင်နေပြီး ဘေးသားဒေက ဖောင်းတက်နေပါတယ်။ Dermoscope နဲ့ စစ်ဆေးကြည့်ရင် ဘေးမှာ သွေးကြောတွေ ထင်းနေတတ်တယ်။ နဖူးနဲ့ ပါးပြင်တွေ အဓိကတွေ့ရတယ်။ အရွယ်အစားအားဖြင့် ၃မီလီမီတာ အတွင်းမှာသာရှိတယ်။ သက်လတ်အရွယ် အမျိုးသားတွေမှာ အဖြစ်များတယ်။ အဆီအိတ်တွေဟာ မျက်နှာမှာ ဖြစ်ရင် ကြည့်ရဆိုးပေမယ့် လူကို ဒုက္ခမပေးတာကြောင့် မကုဘဲထားလို့ရပါတယ်။ လိုအပ်ရင် လေဆာပစ်ပြီး ဖျက်စီးပစ်နိုင်တယ်။ electrocautery မီးရှို့ဖျက်စီးနည်းလည်း သုံးနိုင်တယ်။ အဆီအိတ်တွေပွားလာရင် iaotretinoin သောက်ဆေးနဲ့ ကုလို့ရပါတယ်။ အမျိုးသမီးတွေမှာဖြစ်ရင် antiandrogen သောက်ဆေးတွေလည်း အသုံးဝင်တယ်။ မကုဘဲထားရင် ရေရှည်မှာပွားလာတတ်ပါတယ်။ ဒေါက်တာအေးမင်းထူး အရေပြားအထူးကုဆရာဝန် အကယ်၍ […]
Keloidal folliculitis ကီးလွိုက် မွှေးညှင်းအိတ် Keloidal folliculitis, widely known as acne keloidalis nuchae (AKN), is chronic form of scarring folliculitis, presented with very itchy keloid-like papules or bumps around the back of neck around the hairline.




