Open 9:00-12:00 AM
+95 92051590

Tag Archive : Borrelia afzelii

Acrodermatitis Chronica Atrophicans (ACA) ဟာ Lyme Borreliosis ရောဂါရဲ့ နောက်ဆုံးအဆင့် အရေပြားလက္ခဏာဖြစ်ပါတယ်။ ဒီ Lyme disease ဟာ Borrelia burgdorferi  ဘက်တီးရီးယားကြောင့် အဓိကဖြစ်ပွားပြီး Borrelia afzelii (ဥရောပတွင် အဖြစ်များ)ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မွှားကောင် (Ixodes ticks) ကိုက်ခြင်းကြောင့် ကူးစက်တတ်တယ်။ ဘက်တီးရီးယားပိုး ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး နှစ်ပေါင်းများစွာ ကြာပြီးနောက် အရေပြားမှာ ဒီရောဂါလက္ခဏာတွေ စတင်ပေါ်လာတယ်။ ACA ရဲ့လက္ခဏာတွေဟာ ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာတတ်ပြီး အဆင့်နှစ်ဆင့် ရှိပါတယ်။ ၁။ ရောင်ရမ်းအဆင့် (Inflammatory Stage) အရေပြားမှာ အနီရောင်၊ ပန်းရောင် (bluish-red) သို့မဟုတ် ခရမ်းရောင် သန်းနေသော အကွက်များ စတင်ပေါ်လာတယ်။ အရေပြားဟာ ရောင်ရမ်းနီမြန်းပြီး […]