Paederus dermatitis မီးပိုးကောင် အဆိပ်သင့်ခြင်း Paederus Dermatitis ဆိုတာက Paederus မျိုးနွယ်ဝင် မီးပိုးကောင် (Blister Beetle/Rove Beetle)တစ်မျိုးကြောင့် ဓာတ်မတဲ့တဲ့ အနီကွက်တွေ ထွက်လာတဲ့ရောဂါတစ်မျိုးဖြစ်တယ်။ ဒီအနီကွက်တွေဟာ မီးပိုးကောင်ကိုက်ခံရခြင်းကြောင့် မဟုတ်ဘဲ ပိုးခန္ဓာကိုယ်မှာရှိတဲ့ “Pederin” လို့ခေါ်တဲ့ ပြင်းထန် ဓာတုအဆိပ်အတောက် (Toxin) ကြောင့် ဖြစ်ရတာပါ။ အထူးသဖြင့် မီးပိုးကောင်နဲ့ မတော်တဆ ထိမိ၊ ကိုင်မိ၊ ပွတ်ချေမိရာကနေ ပိုးကောင်ခန္ဓာကိုယ်မှာရှိတဲ့ Pederin အဆိပ်ဟာ အရေပြားပေါ် စွန်းထင်းသွားပြီး ပြင်းထန်တဲ့ အရေပြားဓာတ်တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီရောဂါဟာ အရေပြားဆေးပညာမှာ irritant contact dermatitis အမျိုးအစားထဲပါဝင်ပါတယ်။ ယေဘုယျအားဖြင့် မီးပိုးကောင်နဲ့ထိပြီး ၁-၂ရက်အတွင်း လက္ခဏာတွေ ပေါ်ပေါက်လာတယ်။ ကနဦးဖြစ်စမှာ အရေပြားဟာ ပူစပ်ပူလောင်ဖြစ်ပြီး […]
မျောက်ကျောက်ရောဂါ(Mpox) ဟာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုး (monkeypox virus)ကူးစက်ခံရခြင်းကြောင့် ဖြစ်ပါတယ်။ မျောက်ကျောက်ပိုးဟာ double-stranded DNA virus အမျိုးအစား ဗိုင်းရပ်စ်ပိုးဖြစ်လို့ RNA ဗိုင်းရပ်စ်တွေလောက် ကူးစက်မြန်တာနဲ့ မျိုးဗီဇပြောင်းလဲလွယ်တာမျိုး မရှိပါဘူး။ ရောဂါလက္ခဏာတွေဟာ ကျောက်ကြီးဗိုင်းရပ်စ်နဲ့ ဆင်တူနေတာ တွေ့ရပါတယ်။ အာဖရိကတိုက်နိုင်ငံတွေမှာ အမျာဆုံးကူးစက်တာ တွေ့ရတယ်။ Mpox (မျောက်ကျောက်ရောဂါ)ဟာ လူနဲ့ နို့တိုက်သတ္တဝါအချင်းချင်း ကူးစက်တတ်တယ်။ လူအချင်းချင်း နမ်းတာ၊ထိတွေ့တာ၊ ကိုင်တွယ်တာကနေ ကူးစက်တတ်တယ်။ လိင်ဆက်ဆံရာကလည်း ကူးစက်နိုင်ပါတယ်။ရောဂါရှိတဲ့တိရိစ္ဆာန်တွေနဲ့ ထိတွေ့မှုကြောင့် ကူးစက်နိုင်တယ်။ လက်ရှိနောက်ဆုံး Clade1b မျိုးကွဲဗိုင်းရပ်စ်ဟာ ကွန်ဂိုနိုင်ငံက စတင်ပြန့်ပွားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကူးစက်ပျံ့ပွားနိုင်လို့ သတိထားဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိပေးထားပါတယ်။ မျောက်ကျောက်လက္ခဏာရပ်များ လက္ခဏာရပ်တွေက ကျောက်ကြီးရောဂါနဲ့ ဆင်တူပေမယ့် သိပ်မဆိုးလှပါဘူး။ ဖျားတာ၊ ကိုက်ခဲ၊ လည်ချောင်းနာ၊ ချောင်းဆိုး၊ […]
Bullous diabeticorum ဆီးချိုသည် အရည်ကြည်ဖုပေါက်ခြင်း Bullous Diabeticorum ဆိုတာ ဆီးချိုသွေးချိုရှိသူများမှာ ဖြစ်ပွားတဲ့ ရှားပါးအရေကြည်ဖုရောဂါတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် ခြေဖျား၊လက်ဖျားစတဲ့နေရာတွေမှာ အရေပြား ထိခိုက် ရောင်ရမ်းခြင်းမရှိပဲ သူ့အလိုအလျှောက် အရည်ကြည်ဖုပေါက်လာတာမျိုး ဖြစ်တယ်။ ဆီးချိုသည်အရည်ကြည်ဖုပေါက်တဲ့အခါ bullae လို့ခေါ်တဲ့အရည်ကြည်ဖုတွေဟာ ပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဖြစ်တဲ့နေရာ မတူကြဘူး။ ဆီးချိုသည် အရည်ကြည်ဖုဟာ ပုံမှန်အားဖြင့် နာကျင်မှုမရှိပဲ ရုတ်တရက် ပေါ်လာတတ်ပါတယ်။ အထဲမှာ ပြည်မရှိဘဲ အရည်ကြည်တွေ ကိန်းအောင်းနေတတ်ပြီး အရည်ကြည်ဖု အရွယ်အစားဟာ ပဲစေ့ကနေ မက်မန်းသီးအရွယ်ထိ အကြီး၊အသေး အရွယ်မျိုးစုံ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် လက်၊ ခြေ၊ ခြေထောက်နှင့် လက်ဖျံနေရာတွေမှာ ပေါ်လာတတ်တယ်။ အထူးသဖြင့် ပွတ်တိုက်ခံရတဲ့ နေရာတွေမှာ ပိုအဖြစ်များတယ်။ […]




