Alexandrite laser အဲလက်စ်အနီရောင် လေဆာပစ်ခြင်း
CO2 laser ခွဲစိတ်လေဆာ CO2 Laser (ကာဗွန်ဒိုင်အောက်ဆိုက်လေဆာ)ဟာ အလှအပဆိုင်ရာ ဆေးပညာမှာ အသုံးများဆုံးလေဆာတစ်မျိုး ဖြစ်တယ်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို အခြေခံထားလို့ CO2 Laser လို့ခေါ်တယ်။ ဒီလေဆာဟာ မှဲ့၊ မှဲ့ခြောက်၊ ကြွက်နို့နဲ့ အသားပိုတွေ ဖြတ်တောက်ရာမှာ အလွန်အသုံးဝင်တယ်။ ဝက်ခြံအမာရွတ်နဲ့ အရေးအကြောင်းတွေ ကုသရာမှာ အသုံးဝင်တယ်။ မျက်နှာပြင် အရေပြား ပြန်လည်ညီညာစေဖို့ အသုံးပြုနိုင်တယ်။ CO2 Laser ဟာ 10600 nm လှိုင်းအလျားရှိ လေဆာလှိုင်းတွေ ထုတ်လွှတ်နိုင်လို့ ရေမှာပျော်ဝင်နိုင်တဲ့ တစ်ရှူးမှန်သမျှကိုဖျက်ဆီးပစ်နိုင်ပါတယ်။ CO2 Laser မှာ အားသာချက်များစွာရှိတယ်။ သွေးထွက်နည်းတာ၊ နာကျင်မှုနည်းတာ၊အမာရွတ်ဖြစ်နိုင်ချေနည်းတာစတဲ့ အချက်တွေကြောင့်ခွဲစိတ်ကုသတဲ့နေရာမှာ အစားထိုးအသုံးပြုနိုင်တယ်။ ကြွက်နို့၊ အသားပိုနဲ့ လူကြီးမှဲ့ခြောက် ဖယ်ရှားတဲ့အခါ အသုံးဝင်တယ်။ ချွေးဖု (syringoma)၊ မျက်ခမ်းအဆီဖု […]

