Actinomycetoma အက်တီနို မြေကြီးနာ Mycetoma ရောဂါထဲမှာ မှိုကြောင့်ဖြစ်တဲ့ Eumycetoma နှင့် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ Actinomycetomaဆိုပြီး နှစ်မျိုးရှိတယ်။ Actinomycetoma က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ နာတာရှည်အနာရောဂါဖြစ်ပါတယ်။ Actinomycetoma ဖြစ်စေတဲ့ ဘက်တီးရီးယားတွေဟာ အမျှင်ပုံစံရှိပြီး မြေကြီးပေါ်မှာ သဘာဝအတိုင်း ရှင်သန်နေထိုင်ကြတယ်။ အဖြစ်အများဆုံး Actinomycetes မျိုးနွယ်ဝင်တွေက Nocardia brasiliensis, Actinomadura madurae, Streptomyces somaliensis တို့ဖြစ်ကြတယ်။ ဒီရောဂါကြောင့်အရေပြား၊ အခြေခံတစ်ရှူးများနှင့် အရိုးများကို ထိခိုက်စေပြီး၊ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုခု ဖောင်းကြွ ရောင်ရမ်းလာခြင်း နှင့် ပြည်ထွက်သော အပေါက်ငယ်ကလေးများ ပေါက်လာခြင်းတို့ကို ဖြစ်စေပါတယ်။ အက်တီနိုအနာ (Actinomycetoma) ဟာ ရောဂါပိုးနဲ့ တိုက်ရိုက်ထိတွေ့မိရာက စတင်ကူးစက်တယ်။ မြေကြီးနှင့် တိုက်ရိုက်ထိတွေ့တဲ့အစိတ်အပိုင်းမှာ အဓိကဖြစ်တယ်။ ခြေထောက်၊ […]

